Homeသတင်းကျိုက်ထီးရိုးတောင်ပေါ်သို့ Cable Car ဖြင့် တက်ရောက်နိုင်ပြီ

ကျိုက်ထီးရိုးတောင်ပေါ်သို့ Cable Car ဖြင့် တက်ရောက်နိုင်ပြီ

-

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ပေါ်သို့ Cable Car ဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်တက်ရောက်နိုင်ပြီးဖြစ်သည်။
Cable Car စတင်ပြေးဆွဲသည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် လိုက်ပါစီးနင်းသူများကို အခမဲ့ ပို့ဆောင်ပေးခဲ့သည်ဟု တည်ဆောက်ရေးအပိုင်းကို တာဝန်ယူထားသည့် ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ ဒါရိုက်တာ ဦးနောင်ရဲအောင်က ပြောသည်။

“ကေဘယ်ကား စီးနင်းခထဲမှာ အသက်အာမခံကြေးလဲပါတယ်၊ ရသေ့တောင်ကနေ ဘုရားရင်ပြင်ထိကို အမြန်ဆုံး ၈ မိနစ်ကနေ အနှေးဆုံး ၁၅ မိနစ်ကြာချိန်ရှိတယ်၊ တနေ့ကို အသွားအပြန် ဘုရားဖူး တစ်သောင်းနှင့်အထက် ပို့နိုင်တယ်” ဟု ၄င်းက ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ် Cable Car(MNA)
Cable Car စီးနှုန်းထားကို စတင်ပြေးဆွဲသည့်နေ့မှ ၂ လအတွင်းကို နိုင်ငံခြားသားတစ်ဦးလျှင် ၅ ဒေါ်လာ၊ မြန်မာနိုင်ငံသားတစ်ဦးလျှင် ၃၀ဝ၀ ကျပ်နှုန်း သတ်မှတ်ထားပြီး နောက်ပိုင်းတွင် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ၊ မြန်မာနိုင်ငံသားတစ်ဦးလျှင် ၄၀ဝ၀ ကျပ်နှုန်း သတ်မှတ်သွားမည်ဟု ၄င်းက ဆက်ပြောသည်။

Cable car ပြေးဆွဲနိုင်ရေးအတွက် နိုဝင်ဘာလအတွင်းတွင် စစ်ဆေးမှု၊ စမ်းသပ်ပြေးဆွဲမှုတို့ကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ စစ်ဆေးမှု ယင်းဌာန၏ ထောက်ခံဖြင့် စတင်ပြေးဆွဲသည်ဟု စီမံကိန်းကို အကောင်အထည်ဖော်သည့် Sky Asia ကုမ္ပဏီလီမီတက်မှ အထူးအကြံပေး ဦးမျိုးဝေက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် စတင်ပြေးဆွဲသည့် ကျိုက်ထီးရိုး Cable Car ကို လူ ၄ ယောက်မှ ၈ ယောက်ထိ စီးနိုင်သည့်ကား ၄၃ စီး၊ အရန် ၁ စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လုံခြုံစိတ်ချစွာ စီးနိုင်ရန်အတွက် လုံခြုံရေးအပိုင်းကို အထူးစီစဉ်ဆောင်ရွက်ထားသည်ဟု ကုမ္ပဏီတာဝန်ရှိသူတို့က ဆိုသည်။

ကျိုက်ထီးရိုး Cable Car ကို ကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေအတွင်းရှိ မြေဧက ၁၃ ဒသမ ၅ ဧကကို ပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် အနှစ် ၇၀ စာချုပ်ဖြင့် ဌားရမ်းထားသည်ဟု သိရသည်။

ကျိုက်ထီးရိုးတောင်တက် cable car စီမံကိန်းစတင်စဉ်က ၂၀၁၇ ခုနှစ် ဧပြီလခန့်တွင် ပြေးဆွဲနိုင်ရန် လျာထားသော်လည်း ဆိုးရွားသည့် ရာသီဥတုအခြေအနေနှင့် စီမံကိန်းအတွက် စက်ပစ္စည်းအချို့ လိုအပ်ချက်ကြောင့် လုပ်ငန်းနှောင့်နှေးမှုရှိခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့မှသာ စတင်ပြေးဆွဲနိုင်ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts