Homeသတင်းမွန်ပြည်နယ်တွင် ART ဆေး သောက်သုံးနေရသည့် ဝေဒနာရှင် ၄၇၀ဝ ခန့်ရှိ

မွန်ပြည်နယ်တွင် ART ဆေး သောက်သုံးနေရသည့် ဝေဒနာရှင် ၄၇၀ဝ ခန့်ရှိ

-

မွန်ပြည်နယ်တွင် ART ဆေး (HIV ပိုး မပြန့်ပွားစေရန် ထိန်းချုပ်သည့်ဆေး) သောက်သုံးနေရသည့် HIV ဝေဒနာရှင် ၄၇၀ဝ ခန့်ရှိသည်ဟုမွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

ART ဆေးသောက်သုံးနေရသူများထဲတွင် ရွှေ့ပြောင်းလုပ်သားသည် အများဖြစ်ပြီး ဒုတိယအများဆုံးသည် လိင်လုပ်သားများဖြစ်သည်ဟု မွန်ပြည်နယ် ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောသည်။

ART ဆေးသုံးစွဲပုံ(Internet)
“မွန်ပြည်နယ်မှာ sex worker နဲ့ယှဉ်ရင် migrant worker တွေ ပိုများတယ်၊ ပြည်တွင်းရွှေ့ပြောင်းရော ပြည်ပရွှေ့ပြောင်းရော ပြည်ပမှာ မွန်မှာဆိုရင် ထိုင်းမှာ သွားအလုပ်လုပ်တဲ့လူတွေရှိတယ် ပြီးတော့ ပြည်တွင်း ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့ဘက်ကနေ သံဖြူဇရပ်တို့ ရေးတို့မှာ အလုပ်လာလုပ်ကြတဲ့သူတွေရှိတယ်” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်တွင် ART ဆေးယူနေသူ အများဆုံးမှာ မော်လမြိုင်မြို့နယ်၊ ဒုတိယလူနာအများဆုံးမှာ ရေးမြို့နယ်နှင့် တတိယအဖြစ်အများဆုံးမှာ သထုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

လူနာ ၄၇၀ဝ ခန့်အတွက် ART ဆေးများကို အစိုးရ ဆေးရုံ၊ ဆေးပေးခန်းများက ပေးနေသလို NGO, INGO အဖွဲ့အစည်းများကလည်း ပေးနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်က HIV ဝေဒနာရှင်အသစ် ၃၈၃ ဦး တွေ့ရှိခဲ့ရကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်တွင် HIV/AIDS နှင့် ပတ်သက်ပြီး အစိုးရ ဆေးရုံ ဆေးပေးခန်းများအပြင် Care Myanmar, UNICEF, Top Centre, Marie Stopes Myanmar အစရှိသည့် NGO, INGO အဖွဲ့အစည်း ၁၂ ဖွဲ့ခန့်က လုပ်ဆောင်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts