spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ရွှေတူးဖော်ခြင်းလိုင်စင်ရလုပ်ငန်း ၂ ခုသာရှိ

    မွန်ပြည်နယ်တွင် ရွှေတူးဖော်ခြင်းလိုင်စင်ရလုပ်ငန်း ၂ ခုသာရှိ

    -

    မွန်ပြည်နယ်တွင် ရွှေတူးဖော်ခြင်းလိုင်စင်ရ လုပ်ငန်း ၂ ခုသာရှိကြောင်း ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးပထမနေ့တွင် မွန်ပြည်နယ်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ကျိုက်ထိုမြို့နယ်တွင် ထွန်းဟိန်းလျှံနှင့် မြန်မာရွှေပြည်ဟိန်း ရွှေတူးဖော်ရေးလုပ်ငန်းကို လွန်ခဲ့သည့် ၃ နှစ်ခန့်က ပြည်ထောင်စုအစိုးရမှ တရားဝင်လိုင်စင်ချထားပေးကြောင်း သူကဆိုသည်။

    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း(MNA)

    ဒေါက်တာမင်းကြည်ဝင်းက “သူတို့လုပ်ကွက်ထဲမှာ တကယ်တန်း ထုတ်လုပ်နေတာရှိမရှိ၊ လုပ်ကွက်ကျော်နေလား၊ သူတို့တင်ပြထားတဲ့နည်းစနစ်အတိုင်း ထုတ်နေတာလား၊ အခွန်တွေရောဆောင်ရဲ့လား၊ ပတ်ဝန်းကျင်ထိခိုက်မှုရှိနေသလား စသဖြင့် ကျွန်တော်တို့ ပြည်နယ်အနေနဲ့ သွားစီစစ်ရတယ်” ဟု ပြောသည်။

    ဘီးလင်းမြို့နယ် သဲဖြူချောင်းအထက်ပိုင်းနှင့် သဲဖြူချောင်းတလျှောက်တွင် ရွှေတူးဖော်ခြင်းများ တရားဝင်လုပ်ပိုင်ခွင့်ပေးထားခြင်းရှိမရှိ ဘီးလင်းမြို့နယ်ကိုယ်စားလှယ်ဒေါက်တာခင်နိုင်ဦးမှ မေးခွန်းမေးမြန်းသည့်အပေါ် ဒေါက်တာမင်းကြည်လင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ဒေါက်တာခင်နိုင်ဦးက “ရှေ့မှာလည်း သာဓကတွေ ရှိခဲ့တယ် ဘီးလင်းမြစ်ပျက်ထားပြီးပြီး၊ အခုဒီသဲဖြူချောင်း ထပ်ပျက်သွားရင် ဘာမှ လုပ်လို့မရတော့ဘူး၊ ဒေသခံတွေက ဒီချောင်းကိုပဲ မှီခိုပြီးတော့ စိုက်ပျိုးနေကြလို့လေ၊ ဒါကြောင့် မဖြစ်ခင်ကြိုတားတဲ့အနေနဲ့ ဒီမေးခွန်းကို အရင်မေးလိုက်တာပါ၊ လုပ်နေတာရှိတယ်လို့ ဒေသခံတွေလာတိုင်ထားတာရှိတယ်၊ ကျွန်တော့်ကိုယ်တိုင်တော့ မတွေ့ရသေးဘူး” ဟု ပြောသည်။

    ယမန်နှစ်တွင် အောင်ရေအလုံအလောက်မရရှိသဖြင့် ဘီးလင်းမြို့နယ်၌ နွေစပါးစိုက်ဧက ထောင်ချီပျက်စီးသွားခဲ့ပြီး ယခုနှစ်တွင်မှာလည်း သဲဖြူချောင်းအောက်ပိုင်းတွင် ကောသလောက်ဖြစ်နေကြောင်း ဒေါက်တာခင်နိုင်ဦးက ဆက်ပြောသည်။

    တရားမဝင်ဓာတ်သတ္တုတူးဖော်ထုတ်လုပ်မှုမရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ်အလိုက် တားဆီးရေးကော်မတီကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ၈ လပိုင်းတွင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်ထုတ်လုပ်နေမှုအား ရှောင်တခင်စစ်ဆေးသွားရန်လည်း ညွှန်ကြားထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks