spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းငါးရှားပါးမှုကို ကာကွယ်ရန် ကမ်းနီးငါးဖမ်းသည့် နောက်ထပ် ၄ နေရာအား ငါးလုပ်ငန်းစုပေါင်းဇုံ သတ်မှတ်မည်

    ငါးရှားပါးမှုကို ကာကွယ်ရန် ကမ်းနီးငါးဖမ်းသည့် နောက်ထပ် ၄ နေရာအား ငါးလုပ်ငန်းစုပေါင်းဇုံ သတ်မှတ်မည်

    -

    ရေချိုငါးရှားပါးလာမှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် မွန်ပြည်နယ်ရှိ သထုံမြို့နယ် အောင်ကန်သာကျေးရွာမှာ ငါးလုပ်ငန်းစုပေါင်းစီမံခန့်ခွဲရေးဇုံအဖြစ် ပထမဆုံး သတ်မှတ်ခဲ့ပြီး နောက်ထပ် ဘီးလင်း၊ ကျိုက်ထို၊ ပေါင်၊ ချောင်းဆုံတို့မှာလည်း တရားဝင်သတ်မှတ်သွားရန်ရှိကြောင်း စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှ သိရသည်။

    CLCMGoMP မန်နေဂျာ ဦးသန်းထိုက်အောင်က “အခုအောင်ကန်သာမှာ သတ်မှတ်လိုက်တဲ့ ငါးလုပ်ငန်းစုပေါင်းဇုံက ငါးတွေပေါက်ဖွားမယ့် အဓိကနေရာဖြစ်နေလို့လေ၊ ငါးတွေပေါက်ဖွားတာ ကမ်းနီးမှာပါပဲဆိုတော့ ကမ်းနီးမှာဖမ်းဆီးနေတဲ့ နေရာတွေကိုပဲ ဒီလိုဇုံတွေသတ်မှတ်တာပါ” ဟု ပြောသည်။

    သထုံမြို့နယ်ရှိ ဒီရေတောစိုက်ခင်း(MNA)
    ဒီရေတောပျိုးပင်များ စိုက်ပျိုးပေးကြောင်း၊ ငါးဈေးနှုန်းပိုမိုရရှိလာအောင် ဝိုင်းဝန်းကူညီပေးကြောင်း၊ ငါးများသိမ်းဆည်းရန် လိုအပ်သည့်ရေခဲဘူးများ၊ ကျက်စားရာချောင်းအတွင်း ကင်းလှည့်နိုင်ရန် ထောက်ပံ့မှုများလည်း မုတ္တမပင်လယ်ကွေ့ဒေသ ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှုစီမံချက်မှ ပံ့ပိုးဆောင်ရွက်ပေးနေကြောင်း ၄င်းက ဆက်လက်ပြောသည်။

    ဦးထွန်းဌေးက “လက်ရှိဒီအောင်ကန်သာကျေးရွာမှာဆိုရင် ၉၅%ဟာ ငါးဖမ်းလုပ်ငန်း လုပ်နေကြတော့ ဒီကျေးရွာမှာ ငါးလုပ်ငန်းစုပေါင်းစီမံခန့်ခွဲရေးဇုံကို သတ်မှတ်ပြီး ရေလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်သလို ဂေဟစနစ်တွေဖန်တီးပေးနိုင်ဖို့ အလားအလာကောင်းရှိတဲ့ ကျေးရွာတစ်ရွာဖြစ်လာမယ်” ဟု ပြောသည်။

    ငါးသယံဇာတနှင့်ပတ်သက်၍ မုတ္တမပင်လယ်ကွေ့သည် လွန်ခဲ့သော ၁၀ နှစ်အတွင်း ငါးဖမ်းဆီးရရှိမှုနှင့် ယခုငါးဖမ်းရရှိမှုအခြေအနေမှာ ၅၀%မှ ၉၀%အထိ လျှော့ကျလာကြောင်းကို ငါးလုပ်ငန်း စုပေါင်းစီမံခန့်ခွဲရေးဇုံ သတ်မှတ်ခြင်းထုတ်ပြန်ကြေငြာချက်မှ သိရသည်။

    ငါးလုပ်ငန်း စုပေါင်းစီမံခန့်ခွဲမှုဇုံသည် မွန်ပြည်နယ် ရေလုပ်ငန်း၊ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနဝန်ကြီး၏ တရားဝင်ခွင့်ပြုချက်ဖြင့် သထုံမြို့နယ်တွင် ပထမဆုံးသောငါးလုပ်ငန်း စုပေါင်းစီမံခန့်ခွဲရေးဇုံအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဇုံဧရိယာအကျယ်အဝန်းကို ဘီးလင်းချောင်းမှ သထုံမြို့နယ်ပိုင် ဒီဇယ်လျိုအထိ အတည်ပြုပြဋ္ဌာန်းထားပါသည်။

    သထုံမြို့နယ် အောင်ကန်သာကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ဦးဝင်းကိုက “ဒီရွာမှာက အားလုံးက ငါးပဲဖမ်းရှာကြတယ်၊ စိုက်ပျိုးရေးလုပ်တယ်ဆို ၅ ဦးလောက်ပဲရှိတယ်၊ အခုနောက်ပိုင်းငါးတွေသိမ့်မရတော့တာက ကျွန်တော်တို့ဘက်ကသူတွေမဟုတ်ဘူး အခြားနယ်ကနေ လာပြီး ပိုက်ချဖမ်းနေကြတယ်၊ သူတို့ပိုက်တွေကလည်း အရမ်းစိတ်တယ်၊ ငါအရမ်းသေးလည်း မိတယ်၊ သူတို့က ငါးကြီးကြီးကိုကြ နိုင်ငံခြားကိုပို့လို့ရတယ်ပေါ့၊ ငယ်အသေးကိုကြ ငါးပိလုပ်ဖို့လေ ဒါကြောင့် ငါးတွေ ဒီချောင်းထဲမဝင်လာရတော့ဘူး” ဟု ပြောသည်။

    ယင်းစီမံချက် ရောက်လာပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ငါးများကို တစ်လက်မအထက်ကျယ်သည့်ပိုက်တို့ဖြင့်ဖမ်းဆီးစေခြင်း၊ ဒီရေတောအပင်များ ပျိုးစေခြင်း စသည့် ပြုလုပ်ပေးခဲ့ပြီး ယခုနောက်ပိုင်း ငါးများအနည်းငယ်ပြန်လည် ရရှိလာပြီးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ယင်းစီမံချက်၏ သက်တမ်းကာလမှာ ပထမသက်တမ်းမှာ ၂၀၁၅ မှ ၂၀၂၀ အထိ ၅ နှစ်တာကာလ၊ ဒုတိယသက်တမ်းမှာ ၂၀၂၁မှ ၂၀၂၃ အထိ ၃ နှစ်တာကာလဖြစ်ပြီး တတိယသက်တမ်းမှာ ၂၀၂၄မှ ၂၀၂၅ အထိ ၂ နှစ်တာကာလ အားလုံး ၁၀ နှစ်တာသက်တမ်းဖြစ်ကြောင်း သိရသည်။

    ယခုလက်ရှိ သထုံမြို့နယ် ငါးလုပ်ငန်းစုပေါင်းစီမံခန့်ခွဲမှုဇုံသတ်မှတ်ခြင်းဇုံးဧရိယာအတွင်း ဂဏန်းထိန်းသိမ်းရေးဇုံ ကို ဧက (၅၀ဝ) ခန့် မွန်ပြည်နယ်အစိုးရ ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ သတ်မှတ်ခဲ့သည်။ ထိုဂဏန်းထိန်းသိမ်းရေးဇုံအတွင်း ဂဏန်းများခိုအောင်းကျက်စားနိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန် မုတ္တမပင်လယ်ကွေ့ဒေသရပ်ရွာအခြေပြု ကမ်းရိုးတန်းစီမံခန့်ခွဲစီမံချက်နှင့် မွန်ပြည်နယ်သစ်တောဦးစီးဋ္ဌာနမှ ပူးပေါင်း၍ ဒီရေတောအပင်များ စိုက်ပျိုးခြင်း၊ နောက်ထပ် စိုက်ပျိုးသွားရန် ဒီရေတောပျိုးပင်ပေါင်း ၄၇၀ဝ၀ ခန့်ကိုလည်း ထပ်မံပျိုးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts