Friday, March 13, 2026
More
    spot_img
    Homeသတင်းအစိုးရနှင့် UNFC ၉ ကြိမ်မြောက်ဆွေးနွေးပွဲ သတ်မှတ်ရက်တွင်မဖြစ်မြောက်

    အစိုးရနှင့် UNFC ၉ ကြိမ်မြောက်ဆွေးနွေးပွဲ သတ်မှတ်ရက်တွင်မဖြစ်မြောက်

    -

    မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ကြိုတင်သတ်မှတ်ထားသည့် ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နဝမအကြိမ်တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် မဖြစ်မြောက်ကြောင်း သိရသည်။

    အဆိုပါ ဆွေးနွေးပွဲ မည်သည့်အကြောင်းကြောင့်မကျင်းပဖြစ်သည်ကို၄င်း၊ မည်သည့်နေ့ရက်တွင် ရက်ရွှေ့ကျင်းပမည်ကို၄င်း နှစ်ဖက်ကိုယ်စားလှယ်များ အတည်ပြုပြောကြားခြင်း မရှိသေးပေ။

    PC & DPN ၈ ကြိမ်မြောက်ဆွေးနွေးပွဲ(MNA)
    UNFC ဘက်ကတင်ပြထားသည့် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်” အချက်တစ်ချက်ပတ်သက်၍ တပ်မတော်နှင့်ညှိနှိုင်းရန် ခက်ခဲနေသေးကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးမှ သိရသည်။
    နှစ်ဖက်ကြိုတင်သဘောတူသတ်မှတ်ထားသည့်အတိုင်း ခူဦးရယ် ခေါင်းဆောင်သော DPN အဖွဲ့ဝင်များ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အစည်းဝေးမဖြစ်မြောက်သဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ပြန်မည်ဟု သိရသည်။

    NLD အစိုးရလက်ထက်၌ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နှင့် ၁၇ လခန့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၈ ကြိမ်ကျင်းပပြီးမြောက်ခဲ့သော်လည်း တစ်နိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးနိုင်သည့်အဆင့်သို့ မရောက်ရှိသေးပေ။

    ပြီးခဲ့သည့် ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဗဟိုဌာန NRPC ရုံး၌ နိုဝင်ဘာ ၈ နှင့် ၉ ရက်နေ့များတွင်ကျင်းပခဲ့ပြီး ၉ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမည့်ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks