spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရာဘာခြံအတွက်ဘဏ်ချေးငွေ ဧက ၄ သောင်းခန့် စာရင်းပေးသွင်းထား

    ရာဘာခြံအတွက်ဘဏ်ချေးငွေ ဧက ၄ သောင်းခန့် စာရင်းပေးသွင်းထား

    -

    မွန်ပြည်နယ်ရှိ ရာဘာခြံများလိုအပ်မည့်ရင်းနှီးငွေများအတွက် ဘဏ်မှငွေချေးပေးနိုင်ရန် ဧက ၄ သောင်းခန့် စာရင်းပေးသွင်းထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဋ္ဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

    ပြည်နယ်ဦးစီးမှူးက “မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ၅ သိန်းလောက်ရှိနေတယ်၊ ဒါပေမယ့် ဧက ၄ သောင်းကျော်ကျော်လောက်ကပဲ ပြောမယ်ဆို ၁၀% လောက်ကပဲ ငွေချေးချင်တဲ့ သဘောဖြစ်နေတယ်၊ ဒါကတော့ အကြောင်းအရာအသစ်နေတာလို့လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် မယုံမရဲဖြစ်လို့လည်း စာရင်းမသွင်းကြတာ ဖြစ်နိုင်တယ်၊ အခုအဲ့စာရင်းကို မွန်ပြည်နယ်အစိုးရကို တင်ထားတယ်” ဟု ပြောသည်။

    ရာဘာပင်များ(Facebook)
    ယင်းကဲ့သို့ ရာဘာခြံများအတွက်ငွေချေးပေးရာတွင် အတိုးမည်မျှပေးသွင်းရမည်ကို အတိအကျမသိရသေးကြောင်း၊ လယ်ယာမြေအတွက် ချေးပေးသည့် အတိုးအတိုင်းသာဖြစ်နိုင်ကြောင်း၊ တစ်ဧက ၃၇၅,ဝ၀ဝ ကျပ်နှုန်းဖြင့် တစ်နှစ်သက်တမ်းချေးပေးမည်ဖြစ်ကြောင်း၊ ငွေချေးနိုင်ရန် ခြံပိုင်ဆိုင်မှု မှတ်ပုံတင်စာအုပ်(ပုံစံ ၇ မဟုတ်) ပြုလုပ်ပေးရန် ပြည်နယ်အစိုးရအား တင်ပြထားကြောင်း ဦးကြည်စိုးက ဆက်ပြောသည်။

    ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအင်က “အခုကျွန်တော်တို့ရွာက ရာဘာခြံရှင်တွေ စာရင်းလာသွင်းတာ သိပ်မရှိပါဘူး၊ ဘာလို့ဆိုတော့ သတ်မှတ်တဲ့အချိန်မှာ ငွေပြန်ဆပ်နိုင်ဖို့ အခက်အခဲဖြစ်မှာ စိုးရိမ်ကြတယ်၊ ရုံးတွေမှာ အထောက်အထားတွေ အချက်အလက်တွေ ယူရမယ်၊ နောက် ရုံးဋ္ဌာနနှစ်ခုသုံးခု ကိုယ်တိုင်သွားရမယ်ဆိုတော့ သူတို့ ဦးနှောက်ရှုပ်လို့လေ” ဟု ပြောသည်။

    ရာဘာခြံများအတွက် ဘဏ်ချေးငွေယူလိုသူများစာရင်းကို မြို့နယ်များတွင် ပြီးခဲ့သည့်စက်တင်ဘာလက စတင်ကောက်ခံခဲ့ကြောင်း သိရသည်။

    မြန်မာတစ်နိုင်ငံလုံး ရာဘာစိုက်ဧက ၁၆ သိန်းခန့်ရှိသည့်အနက် မွန်ပြည်နယ်တွင်ဧက ၅ သိန်းခန့်ရှိပြီး ၂၀၁၇ ခုနှစ်၌ အစေးလှီးသည့်ဧက ၃ သိန်းကျော်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts