spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ရွေးချယ်မည်

    မွန်ပြည်နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ရွေးချယ်မည်

    -

    မွန်ပြည်နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    ”ဒီဇင်ဘာလအတွင်းမှာ ပြန်လည်းရွေးချယ်မယ်၊ သမ္မတဦးထင်ကျော် မဖြစ်ခင် ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးအားလုံးကို ပြန်ရွေးချယ်မယ်၊ သူ့သက်တမ်းနောက်ပိုင်း ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ ဒီအတိုင်းထားမယ်” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရရုံး(MNA)
    ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည်းရွေးချယ်ရန် နိုင်ငံတော်သမ္မရုံးမှ နိုဝင်ဘာလ ၂ ရက်နေ့က ညွန်ကြားစာရောက်ရှိထားကြောင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညွန်ကြားချက် ဆက်လက်ထုတ်ပြန်လိုက်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင်ပြဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအအုပ်ချုပ်ရေးမှူး ဥပဒေအသစ်တွင် အုပ်ချုပ်ရေးများ၏ သက်တမ်းသည် သမ္မတသက်အတိုင်းဖြစ်ရမည်ဆိုပြီး ပြင်ဆင်ပြဌာန်းထားသည့်အတွက် လက်ရှိ သမ္မတဦးထင်ကျော်သက်တမ်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။

    သို့ရာတွင် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “ကျနော့်ဆီကို ဘာညွန်ကြားချက်မှ မရောက်သေးဘူး၊ ဘယ်သူတွေကို ဘယ်လိုပြန်ရွေးမယ်ဆိုတာ မသိသေးဘူး” ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၄၆၈ ဦးရှိပြီး NLD အစိုးရလက်ထက်တွင် မြေယာကိစ္စ၊ အဂတိလိုက်စားမှုကိစ္စနှင့် ကျင့်ဝတ် ဖောက်ဖျက်မှုတို့ဖြင့် တိုင်ကြားခံရပြီး တာဝန်မှ ရပ်စဲကာ အရေးယူခံထားရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၅ ဦးထိရှိသည်ဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

    တာဝန်မှ ရပ်စဲကာ အရေးယူခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၅ ဦးအနက် ၁၀ ဦးကို ပြန်လည်းရွေးချယ်ထားပြီးဖြစ်ကြောင်း ပြည်နယ် ထွေအုပ် ညွန်ကြားရေးမှူး ဦးစိုးမြင့်က ဆက်ပြောသည်။

    “ပြန်ရွေးချယ်မယ်လို့တော့ သတင်းကြားပါတယ်၊ အခုထိတော့ ညွန်ကြားစာ မရောက်သေးဘူး၊ တစ်နိုင်ငံလုံးပြန်ရွေးချယ်မယ်ဆိုတော့ မျှတပါတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပေါင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

    ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၁၈၈ အရ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ အစိုးရက ခန့်အပ်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၉ အရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာကသာ ရွေးချယ်ရမည်ဟု ပြဌာန်းထားသည်။

    ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ရာတွင် ရပ်/ကျေးအုပ်စုများတွင် ကြီးကြပ်ရေးှမှူး (၅) ဦးစီကို ကနဦး ရွေးချယ်ရမည်ဖြစ်ပြီး ထိုမှတဆင့် ဆယ်အိမ်စု၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ရွေးချယ်ရမှာဖြစ်သည်။ ရာအိမ်မှူးများထဲမှ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအတွင်း အမှန်တကယ်နေထိုင်သူကို အသက်(၁၈) နှစ် ပြည့်ပြီး သူများက မဲပေးစနစ်ဖြင့် ရွေးချယ်ရမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts