spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းJune ကုမ္ပဏီ၏ ဘိလပ်မြေစက်ရုံစီမံကိန်းကိစ္စ ချပြရှင်းလင်းစေလိုဟု ဒေသခံများ ပြော

    June ကုမ္ပဏီ၏ ဘိလပ်မြေစက်ရုံစီမံကိန်းကိစ္စ ချပြရှင်းလင်းစေလိုဟု ဒေသခံများ ပြော

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ မယ်ကရိုးကျေးရွာနှင့် ကော့ဒွန်း၊ ကော့ပနောကျေးရွာ အကြားတွင် တည်ဆောက်မည့် June ကုမ္ပဏီ၏ ဘိလပ်မြေစက်ရုံစီမံကိန်းအား မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ကို ချပြရှင်းလင်းစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

    လက်ရှိအချိန်တွင် June Cement Industry ကုမ္ပဏီအနေဖြင့် ၄င်းတို့ဘိလပ်မြေစက်ရုံတည်ဆောက်မှုလုပ်ငန်း အကောင်အထည်ဖော်ရန် စက်ပစ္စည်းကိရိယားများကို စီမံကိန်းဧရိယားအတွင်းသို့ စုဆောင်းထားရှိထားခြင်း၊ မြေပြင်အနေအထားများ ပြုပြင်နေခြင်းကို ဆောင်ရွက်နေသည်ဟု သိရသည်။

    ပျားတောင်ဒေသတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ၂၀၁၆ ခုနှစ်တွင်ပြင်ဆင်ခဲ့ပုံ(ဓါတ်ပုံဟောင်း)
    “လက်ရှိအခြေအနေကတော့ သူတို့ရဲ့ စက်ပစ္စည်းတွေ အများကြီး အဲဒီမှာ (စီမံကိန်းဧရိယား) ရောက်နေတာ တွေ့ရတယ်။ ပြီးတော့ သဲတွေလည်း အများကြီးစုထားတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို သူတို့ဘယ်လိုမျိုးလုပ်သွားမယ်ဆိုတာ ကျနော်တို့ ဘာမှမသိရဘူး၊ ဒီဟာတွေကို ချပြရှင်းလင်းပေးစေလိုတယ်” ဟု မယ်ကရိုးကျေးရွာဒေသခံတစ်ဦးဖြစ်သူ နိုင်ထွန်းကြည်က ပြောသည်။

    အဆိုပါ June ဘိလပ်မြေစက်ရုံစီမံကိန်း၏ တည်နေရာသည် ကျေးရွာများနှင့် နီးကပ်စွာတည်ရှိနေခြင်းကြောင့် သူတို့စက်ရုံအား ကျောက်မီးသွေးဖြင့် လည်ပတ်အသုံးပြုမည်ကို စိုးရိမ်လျှက်ရှိကြောင်း၊ ယခုကိစ္စအား ကြားဝင်ဖြေရှင်းပေးနိုင်ရန် မွန်ပြည်နယ်လွှတ်တော်ကိုလည်း အကူအညီတောင်းထားကြောင်း ၄င်းက ဆက်ပြောသည်။

    ပျားတောင်အနီးပတ်ဝန်းကျင်းတွင် တစ်နေ့တန် ၅ ထောင်ကျ ဘိလပ်မြေစက်ရုံအသစ် ထပ်မံတည်ဆောက်ခွင့်ကို June ကုမ္ပဏီအား၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ကတည်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သည်။

    June ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ ဦးမြင့်စိုးက “အခုကျနော်တို့မြေပြင်နေတဲ့ဟာပဲရှိပါသေးတယ်။ စက်ရုံဆောက်ဖို့က အဲဒီမြေပြင်ပြီးမှပဲ ကျနော်တို့လုပ်လို့ရမယ်၊ ကျနော်တို့နေရာက မြေနိမ့်ပိုင်းရောက်နေတော့ အဲဒီဟာကို ကျနော်တို့အခု သဲတွေစုပ်ရုံပဲရှိပါသေးတယ်၊ တစ်ခြားဘာမှမလုပ်ကိုင်သေးပါဘူး” ဟု ပြောသည်။

    ထို့အပြင် ၄င်းတို့စက်ရုံအတွက် မည်သည့်စွမ်းအင်မျိုး အသုံးပြုမည်ကို မဆုံးဖြတ်ရသေးကြောင်းနှင့် စီမံကိန်းအပေါ် ရွာသူရွာသားတို့၏ သဘောထားများသိရှိနိုင်ရန် တွေ့ဆုံပွဲတွေ ပြုလုပ်သွားရမည်ကြောင်း ၄င်းက ဆက်ပြောသည်။

    June ကုမ္ပဏီအနေဖြင့် ၄င်းတို့ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် မြေဧရိယာ ဧက (၁၄၀ဝ) ကျော် လိုအပ်မည်ဖြစ်ပြီး လက်ရှိအချိန်ထိ လယ်ယာမြေ ဧက (၇၀ဝ) ခန့်အား ပျားတောင်အနီးရှိ မယ်ကရိုးရွာနှင့် ကော့ဒွန်း၊ ကော့ပနောရွာတို့မှ ဒေသခံလယ်သမားများထံ ၂၀၁၀ ခုနှစ်မတိုင်ခင်ကတည်းက ကြိုတင်ဝယ်ယူရရှိထားသည်။

    အဆိုပါ ပျားတောင်ဒေသအနီးတဝိုက်တွင် တစ်ရက်လျင် တန် ၅ ထောင်ကျ ကျောက်မီးသွေးစွမ်းအင်သုံး မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL လည်ပတ်နေပြီဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks