Wednesday, March 25, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ နိုဝင်ဘာ ၈ ရက်တွင်တွေ့ဆုံကြမည်

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ နိုဝင်ဘာ ၈ ရက်တွင်တွေ့ဆုံကြမည်

    -

    မွန်နိုင်ငံရေးပါတီ ၂ ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု နှစ်ဘက်ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

    မွန်အမျိုးသားပါတီ တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရေး ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့စွဲဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ စာပေးပို့ကမ်းလှမ်းခဲ့အပြီး မွန်အမျိုးသားပါတီက တွေ့ဆုံရန် အကြောင်းပြန်ကြားခြင်း ဖြစ်သည်။

    AMDP သို့ MNP အကြောင်းပြန်ကြားစာ(Copy)
    မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က “နိုဝင်ဘာ ၁ ရက်နေ့ရက်စွဲနဲ့ AMDP ကနေ တွေ့ဆုံကြဖို့ စာပို့ ကမ်းလှမ်းလာတယ်၊ ကျနော်တို့က ၂ ရက်နေ့က အကြောင်းပြန်လိုက်တယ် တွေ့မယ်ဆိုတဲ့အကြောင်းပေါ့ နိုဝင်ဘာ ၈ ရက်နေ့မှာ တွေ့ကြမယ်” ဟု ပြောသည်။

    မွန်နှစ်ပါတီပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ပါတီအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကြိုးပမ်းသွားကြရန် နှစ်ပါတီတွင် ကိုယ်စားလှယ် ၃ ဦးစီပါသည့် ကိုယ်စားလှယ်အဖွဲက တွေ့ဆုံသွားကြမည်ဟု ၄င်းက ဆက်ပြောသည်။

    နှစ်ပါတီအကြား အလုပ်သဘောမျိုးပူးပေါင်းဆောင်ရွက်နိုင်ရန် အလွတ်သဘောစတင်တွေ့ဆုံကြမည်ဖြစ်ပြီး ထိုမှတဆင့် ယုံကြည်မှုရရှိလာမည်ဟု မျှော်မှန်းကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဘက်အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောသည်။

    မွန်သံဃာတော်များနှင့် ခေါင်းဆောင်အချို့က ၂၀၁၂ ခုနှစ်မှစပြီး မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးလာခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။

    ယင်းနောက်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က ပါတီပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ကြားခံညှိနှိုင်းပေးသည့်အဖွဲ့မပါပဲ ပါတီအချင်းချင်း တိုက်ရိုက်တွေ့ဆုံဆွေးနွေးသွားရန် နှစ်ဖက်ပါတီခေါင်းဆောင်များ ကြိုးပမ်းလာသည်ကို တွေ့ရသည်။

    အဆိုပါနှစ်ပါတီပေါင်းစည်းရေးဖြစ်မလာသေးသည့်အတွက် ပေါင်းစည်းရေးလိုလားသည့်ပါတီဝင်များနှင့် နှစ်ပါတီစလုံးမှ ဗဟိုကော်မတီအချို့နုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks