spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်တွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားပြီးတရားခံဆိုသူကို ရဲဖမ်းမိ

    မုဒုံမြို့နယ်တွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားပြီးတရားခံဆိုသူကို ရဲဖမ်းမိ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာ မီးရထားဘူတာရုံအနီး၌ အောက်တိုဘာလ (၂၅) ရက်နေ့က အသက် ၁၁ နှစ်ခန့်ရှိ မိန်းခလေးငယ်တစ်ဦးအား သက်ငယ်မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့ပြီးနောက် တရားခံဟုယူဆရသူအား ဖမ်းဆီးရမိထားသည်ဟု မုဒုံမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

    မုဒုံမြို့နယ်၊မှိန်ကနိမ်းကျေးရွာအုပ်စုကော့လှာကျေးရွာနေ ဦးမောင်ဦး၏ခြံတွင် စာရင်းငှားလုပ်ကိုင်နေသူ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာဇာတိမှ ကတုံး(ခ) ဝင်းကြိုင် (၄၂ နှစ်) က ခြံအနိီးတွင် ကျဘမ်းလုပ်ကိုင်နေသော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်မှ မ(—–)၏ သမီးကို မိဘနှစ်ပါးမရှိချိန် ဖုန်းပြင်ပေးမည်ဟုဆိုကာ မုဒိန်းမှုဖြစ်ပွားခဲ့သည်ဟု မုဒုံမြို့မ ရဲစခန်းမှူးက ပြောသည်။

    မုဒိန်းမှုကျူးလွန်သည်ဟု ယူဆရသူ ကတုံး(ခ) ဝင်းကြိုင်(ဓာတ်ပုံ- အမွှာညီနောင်)
    မုဒုံမြို့မ ရဲစခန်းမှူး ခင်မောင်ထွန်းက “ခုချိန်မှာ တရားရုံးကို တရားခံ ရမန်ယူဖို့နဲ့ အမှုတွေ စစ်ဆေးဆောင်ရွက်နေဆဲပါ” ဟု ဆိုသည်။

    လက်ရှိတွင် တရားခံဟုယူဆရသူ ကတုံး(ခ) ဝင်းကြိုင်အား ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးမေးမြန်းလျက်ရှိပြီး ပုဒ်မ ၃၇၆ ဖြင့်တရားစွဲတင်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

    မုဒိန်းမှုကျူးလွန်သည့်နေရာကို ပြသစဉ်(ဓာတ်ပုံ- အမွှာညီနောင်)
    မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က” ဖြစ်တာကတော့ မနေ့ညနေက ဖြစ်ပြီးတော့ အမှုကို စစ်တာနဲ့ ဖမ်းတာနဲ့ ဆေးစစ်နေတာနဲ့ပဲ ညတစ်နာရီလောက်မှာ အမှုဖွင့်နိုင်ခဲ့တယ်။ ညကပဲ တစ်နာရီလောက်မှာ တရားခံကို ဖမ်းမိတယ်။ အခု အဲဒီတရားခံဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ ၃၇၆ နဲ့ တရားစွဲတင်ထားတယ်။ ကာယကံရှင် ကျူးလွန်တဲ့ ပုဂ္ဂိုလ်က ကိုဝင်းကြိုင်(၄၂) ဖြစ်ပြီး ကလေးမလေး အမေက တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်” ဟု ပြောသည်

    မွန်ပြည်နယ်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ မုဒိန်းမှု (၃၇) မှုဖြစ်ပွားခဲ့ရာ မော်လမြိုင် (၁၀) မှု၊ကျိုက်ထိုနှင့် ပေါင် ၆ မှုစီ၊ သထုံနှင့် ရေး ၄ မှုစိီ၊ ကျိုက်မရော (၃) မှု၊ သံဖြူဇရပ် (၂) မှု၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် (၁) မှုစီဖြစ်ပွားခဲ့ကြောင်း၊ သက်ငယ်မုဒိန်းမှုများလည်း ယခင်နှစ်ထက်တိုးလားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks