spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ဘိလပ်မြေစက်ရုံ အရေးယူမည့်ကိစ္စ ပြည်နယ်အစိုးရမှ စက်ရုံသို့ အကြောင်းကြားခြင်းမရှိ

    မော်လမြိုင်ဘိလပ်မြေစက်ရုံ အရေးယူမည့်ကိစ္စ ပြည်နယ်အစိုးရမှ စက်ရုံသို့ အကြောင်းကြားခြင်းမရှိ

    -

    မွန်ပြည်နယ်လွှတ်တော်က အတည်ပြုထားသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) အရေးယူပေးရေးအဆိုကိစ္စ ပြည်နယ်အစိုးရမှ စက်ရုံသို့ တစ်စုံတစ်ရာအကြောင်းကြားလာခြင်းမရှိကြောင်း စက်ရုံတာဝန်ရှိသူတို့က ပြောသည်။

    ခွင့်ပြုမိန့်ရယူခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည်မှာ ပြည်ထောင်စုက ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်လျက်ရှိနေသည့်အပေါ် အရေးယူပေးရန်အဆိုကို စက်တင်ဘာ ၆ ရက်နေ့တွင် မွန်လွှတ်တော်က အတည်ပြုခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရမှ MCL စက်ရုံသို့ ဥပဒေနှင့် အညီလုပ်ဆောင်ဖို့ အကြောင်းကြားသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုခဲ့သည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ(MNA)
    “ဦးတို့ဆီကို လွှတ်တော်ရော အစိုးရရော ဒီကနေ့အထိ ဘာမှအကြောင်းကြားလာတာမရှိဘူး၊ ဦးတို့ MCL သည် ခွင့်ပြုချက်အရ လုပ်နေတာဖြစ်တယ်” ဟု Executive officer ဦးဇော်လွင်ဦးက ပြောခဲ့သည်။

    လက်ရှိတွင် စက်ရုံ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ပတ်သက်ပြီး၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ အကျုံးဝင်သည့် ၂၀ မဂ္ဂါဝပ် စက်တစ်လုံးကို တစ်နှစ်သက်တမ်းရှိ ယာယီလိုင်စင်ကို မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန၏ ခွင့်ပြုမိန့် ရရှိထားခဲ့သည်ဟု ၄င်းက ပြောသည်။

    လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ပတ်သက်ပြီး MCL အနေဖြင့် ၄င်းစက်ရုံအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ခွင့်ပြုမိန့်ရယူရန်မလိုအပ်သည့်အတွက်ကြောင့် စက်ရုံသည် ဥပဒေနှင့် အညီ လည်ပတ်နေသည်ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်

    MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးအစား အခြားလောင်စာဖြင့် လည်ပတ်ရန် ဒေသခံတို့က အကြိမ်ကြိမ် ဆန့်ကျင် ကန့်ကွက် တောင်းဆိုလာခဲ့သော်လည်း ကျောက်မီးသွေးသုံး လောင်စာဖြင့် စက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စီးပွားဖြစ် စတင်လည်ပတ်ခဲ့သည်။

    ကျောက်မီးသွေးသုံး မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီးမြှပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်သည်။

    ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ဓာတ်အား ၄၉ မဂ္ဂါဝပ် လိုအပ်ပြီး ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ ၄၀ မဂ္ဂါဝပ်ကို လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator မှ ၉ မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူ သုံးစွဲသွားမည်ဟု စီမံကိန်အစီရင်ခံစာတွင် ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks