spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအော်တစ်ဆင် Autism ခလေး ပြုစုစောင့်ရှောက်ရေးစင်တာ မော်လမြိုင်တွင် ဖွင့်ပြီ

    အော်တစ်ဆင် Autism ခလေး ပြုစုစောင့်ရှောက်ရေးစင်တာ မော်လမြိုင်တွင် ဖွင့်ပြီ

    -

    မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်နေသော အော်တစ်ဆင် Autism ခလေးများ တက်ရောက်သင်ကြားနိုင်သည့် ပြုစုစောင့်ရှောက်ရေးစင်တာကို စက်တင်ဘာ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်ဟု စင်တာတာဝန်ရှိသူတို့ထံမှ သိရသည်။

    အဆိုစင်တာကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လူငယ်သင်တန်းကျောင်း ကျောင်းဆောင်တွင် ယာယီဖွင့်လှစ်ထားပြီး အစပိုင်းအနေဖြင့် Autism ခလေး ၁၄ ဦးထိ လက်ခံရန် စီစဉ်ထားသည်ဟု Autism ခလေး ပြုစုရှောက်စောင့်ရေးစင်တာမှ စည်းကမ်းနှင့် ဘဏ္ဍာထိန်းသိမ်းရေးအပိုင်းကို တာဝန်ယူထားသည့် ဦးကျော်စွာအောင်က ပြောသည်။

    Autism ခလေး ပြုစုစောင့်ရှောက်နေစဉ် (MCN)
    လက်ရှိတွင် Autism ခလေး ၁၀ ဦးကျော် လက်ခံရရှိထားကြောင်း ကလေးများကို အဆင့်မြင့်သင်တန်း တက်ထားသည့် ဆရာ ဆရာမ ၇ ဦးနှင့် အခြေခံသင်တန်းတက်ထားသည့် ဆရာ ဆရာမ ၂ ဦး စုစုပေါင်း ဆရာ ဆရာမ ၉ ဦးတို့က ပြုစုရှောက်စောင့်သင်ကြားပေးသွားမည်ဟုလည်း ၄င်းက ပြောသည်။

    ဦးကျော်စွာအောင်က “လောလောဆယ်က ၁၄ ယောက်လက်ခံမယ်၊ လာအပ်တဲ့ခလေးကိုလည်း လက်ခံထားပါ့မယ် လက်ခံထားတယ်ဆိုတာက အချိန်လေးခနစောင့်ပေးပါ ကျနော်တို့ ပြန်ပြီး ချိတ်ဆက်ပေးပါ့မယ်လို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်” ဟု ပြောသည်။

    အဆိုပါစင်တာတွင် ၃ နှစ်မှ ၁၀ အကြား Autism ကလေးများ လက်ခံရန် ယာယီသတ်မှတ်ထားကြောင်း ၁၀ နှစ်ကျော်ကလေးများ လက်ခံသင့် မသင့်ကိုလည်း ဆရာ ဆရာမတို့နှင့် တိုင်ပင်ဆွေးနွေး သုံးသပ်ပြီးမှ လက်ခံသွားရန်ရှိကြောင်း ကလေးအတော်များများကို လက်ခံရန် ရည်ရွယ်ထားကြောင်း ၄င်းက ဆက်ပြောသည်။

    “အခုလိုမျိုး ကိုယ့်နေရာဒေသမှာ Autism ကလေးတွေအတွက် ကျောင်းရှိလာတာ အရမ်းကိုကောင်းပါတယ် ဝမ်းလည်းသားပါတယ်၊ Autism ကျောင်းတွေက ရန်ကုန်တို့ မန္တလေးတို့မှာပဲရှိခဲ့တာလေ ဒါပေမယ့် ကျမ တခု အကြံပေးချင်တာပေါ့လေ အချိန်ပိုင်းထက်ကို တနေကုန်ပေါ့ အဲလိုဖြစ်စေချင်တယ်” ဟု အသက် ၇ နှစ်အရွယ် Autism ကလေး၏ မိခင်တစ်ဦးဖြစ်သူက ပြောသည်။

    လက်ရှိတွင် မော်လမြိုင် Autism ကလေး ပြုစုစောင့်ရှောက်ရေးစင်တာ၌ ကလေးများကို နံနက်ပိုင်း section နှင့် ညနေပိုင်း section ဆိုပြီး section နှစ်ခုဖြင့် ပြုစုစောင့်ရှောက်မှုပေးနေသည်။

    “ကိုယ်ပိုင်လုပ်နိုင်စွမ်း၊ သူ့ကိုယ်သူ သိနိုင်ဖို့အတွက် သင်ပေးရတယ်၊ ပြီးတော့ communication အချင်းချင်းဆက်သွယ်နိုင်ဖို့အတွက် သင်ပေးရတယ်၊ သိမြင်နားလည်မှုအတွက် သင်ပေးရတယ်၊ ပြီးတော့ အသေးစားလှုပ်ရှားမှုတွေ အကြီးစားလှုပ်ရှားမှုတွေကို သင်ပေးရတယ်” ဟု ဆရာ၊ ဆရာမခေါင်းဆောင် မဇာဇာကျော်က ပြောသည်။

    လက်ရှိတွင် Autism ကလေးများကို မော်လမြိုင် စမ်းကြီးရပ်ကွက်ရှိ လူငယ်သင်တန်းကျောင်း ကျောင်းဆောင်တွင် ယာယီအနေရာအဖြစ် ပြုစုစောင့်ရှောက်မှုပေးနေပြီး ၄င်းတို့အတွက် သိန်း ၂၄၀ဝ ကုန်ကျမည့် ကျောင်ဆောင်တစ်ဆောင်ကို ရန်ကုန်မြို့ရှိ New Life Foundation က ကမကထလုပ်၍ ပြည်သူလူထုတို့၏ အလှူငွေများဖြင့် ၂၀၁၇ ခုနှစ်အကုန် အပြီးတည်ဆောက်နေသည်။

    Autism ကလေးများသည် ပုံမှန်ကလေးများထက် တုံ့ပြန်မှု နှေးကွေးခြင်းနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျခြင်း လက္ခဏာများရှိတက်ပြီး ၃ နှစ်ပြည့်မှသာလျှင် Autism လက္ခဏာ ရှိ၊ မရှိ ဆရာဝန်က မှတ်ချက်ပေးနိုင်သည်ဟု Autism ကလေးမိဘတို့၏ ပြောပြချက်အရ သိရသည်။

    ၂၀၁၄ ခုနှစ် မွန်ပြည်နယ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှတ်တမ်းအရ မွန်ပြည်နယ်၌ Autism ကလေးများအပါအဝင် မသန်းစွမ်းဦးရေ ၁၀၉,၂၉၈ ဦးရှိပြီး ၄င်းထဲတွင် အမြင်အာရုံ မသန်စွမ်းဦးရေသည် အမြင့်ဆုံးဖြစ်ကာ ၆၀,၈၅၈ ဦးရှိကာ သင်ယူလေ့လာခြင်း၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်ခြင်းဟု သတ်မှတ်ထားသည့် Autism မသန်စွမ်းဦးရေမှာ ၃၅,၇၅၃ ဦးရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts