spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံခြင်းသည် NCA ရေးထိုးရန် ပြင်ဆင်ခြင်းဖြစ်နိုင်

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံခြင်းသည် NCA ရေးထိုးရန် ပြင်ဆင်ခြင်းဖြစ်နိုင်

    -

    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁ ရက်(ယနေ့) နေ့လည် ၁၂ နာရီတွင် နေပြည်တော်ရှိ NRPC ရုံး၌ လက်ခံ တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ထိုတွေ့ဆုံမှုခြင်းအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ”မွန်ပြည်သစ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအနေအထားက ဒါက NCA လက်မှတ်ရေးထိုးရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ခြေလှမ်းတစ်လှမ်းလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံပွဲ(နိုင်ငံတော်အတိုင်ပင်ခံရုံး)
    လက်ရှိအချိန်တွင် မွန်ပြည်သစ်ပါတီ သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး UNFC ၏ အဆိုပြုချက်များ ဆွေးနွေးရာတွင် အဆင်ပြေမည့်သဘောထားရှိသောကြောင့် မကြာမီတွင် UNFC အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု ဦးသန်းစိုးနိုင်က ယူဆသည်။

    အလားတူ ၃ လတွင်း NCA လက်မှတ်ရေးထိုးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်အား မကြာသေးခင်က မွန်ပြည်သစ်ပါတီကတိပေး ပြောကြားမှုများရှိခဲ့သည်။

    ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မွန်ပြည်သစ်ပါတီက ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်ဆောင် ရွက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သော်လည်း ဆွေးနွေးသည့်အကြောင်းအရာများအား ရေးသားဖော်ပြခဲ့ခြင်း မရှိပေ။
    ထို့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ်တို့အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံပြောဆိုခြင်းမရှိပေ။

    တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနှင့်အတူ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ဇေယျ၊ ဗိုလ်ချုပ်လယီကောင်း၊ နိုင်ဝင်းလှ၊ နိုင်အောင်မငေးတို့ တက်ရောက်ကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts