spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းစက်တင်ဘာလ ၄ ရက်တွင် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ကျင်းပမည်

    စက်တင်ဘာလ ၄ ရက်တွင် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ကျင်းပမည်

    -

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို လာမည့် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက မွန်သတင်းအေဂျင်စီသို့ ဖြေကြားသည်။

    လွှတ်တော်ဥက္ကဋ္ဌက “အခုချိန်က ဘတ်ဂျတ်ပေါ့၊ ရသုံးခန့်မှန်းခြေ နောက်ထပ် ၆ လအတွက် ဥပဒေအတည်ပြုဖို့ရှိတယ်” ဟုပြောသည်။

    မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး(MNA)
    ကျင်းပပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး ၆ ကြိမ်တို့မှ အတည်ပြုခဲ့သော အဆိုများ မေးခွန်းများကို အကောင်ထည်ဖော်ရသည့်အပိုင်းတွင် အစိုးရဘက်မှနှောင့်နှေမှုရှိသည်ကို တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် စီစစ်တိကျစွာ ကိုင်တွယ်လုပ်ဆောင်သင့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “ဒီအစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ အဆိုမတင်ပါဘူး၊ ဒါပေမယ့် တင်သင့်တဲ့တာကို တင်ကြမှာပါ၊ MCL ကိစ္စပါတယ်လို့ သိရတယ်” ဟု ပြောသည်။

    ၄င်းအနေဖြင့် တိုင်းရင်းသားစာပေထောက်ပံ့ပေးမှုကိစ္စ၊ မွန်တိုင်းရင်းသားအရေး ဆောင်ရွက်ပေးမည့် ဝန်ကြီးတစ်ဦးဦးအား ပူးတွဲတာဝန်ခန့်အပ်ပေးမှုကိစ္စ စသည့်မေးခွန်းများကို မေးမြန်းသွားရန်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ယခုအစိုးရအသစ် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို (၆) ကြိမ် ကျင်းပခဲ့ပြီး လွှတ်တော် တစ်နှစ်ကျော်သက်တမ်းအတွင်း အဆိုပေါင်း (၃၀) ခုနှင့် မေးခွန်းပေါင်း (၁၆၀) ခု မေးမြန်းဆွေးနွေးအတည်ပြုပြီးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks