spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ဟံသာတို့ စက်တင်ဘာ ၁ ရက်နေ့တွင် တွေ့ဆုံမည်

    ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ဟံသာတို့ စက်တင်ဘာ ၁ ရက်နေ့တွင် တွေ့ဆုံမည်

    -

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာနှင့် အဖွဲ့တို့ စက်တင်ဘာ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံကြမည်ဟု သိရသည်။

    ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌလည်းဖြစ်သည့် နိုင်ဟံသာသည် သြဂုတ်လ ၂၅ ရက်နေ့က UWSA ဌာနချုပ် ပန်ဆန်း၌ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်ခရီးစဉ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်လက်တွေ့ဆုံမည့်အစီအစဉ် ဖြစ်ပေါ်လာသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ဟံသာ UNFC အဖွဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၅ တွင် တွေ့ဆုံခဲ့စဉ်(Facebook)
    ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ဟံသာတို့ တွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေများကို ခေါင်းဆောင်နှစ်ဦးတို့ မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာကြလိမ့်မည်ဟု မျှော်လင့်စရာ ရှိသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနှင့်အတူ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကျော်ယဲ့၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း၊ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှနှင့် ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့ ပါဝင်တက်ရောက်ကြမည်ဟု မွန်ပြည်သစ်ပါတီဗဟိုမှ မွန်သတင်းအေဂျင်စီသို့ အတည်ပြုခဲ့သည်။

    ယခုလပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများနှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ကြား ဖြစ်ပေါ်ခဲ့သည့် စစ်ရေးတင်းမာမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံဆွေးနွေးလိုကြောင်း စာရေးသားပေးပို့တောင်းဆိုခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

    သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မအားလပ်သေးသဖြင့် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ကို ရေးမြို့အခြေစိုက် စကခ ၁၉ ၌ ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်နေ့တွင် လက်ခံတွေ့ဆုံကာ နှစ်ဖက်တပ်ဖွဲ့တင်းမာနေသည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း ယုံကြည်မှုအပြည့်အဝတည်ဆောက်နိုင်သည့်အဆင့်သို့ မရောက်ရှိသေးဟု နိုင်အောင်မငေးက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks