Homeသတင်းမွန်ပြည်နယ်အတွင်း အနည်းဆုံးလုပ်ခလစာ ပြောင်းလဲပေးရေး ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်အတွင်း အနည်းဆုံးလုပ်ခလစာ ပြောင်းလဲပေးရေး ဆွေးနွေးပွဲပြုလုပ်

-

မွန်ပြည်နယ်အတွင်း အနည်းဆုံးလုပ်ခလစာတစ်ရက် ကျပ် ၇၀ဝ၀ နှုန်းဖြင့်ပြောင်းလဲပေးရန် သြဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ၌ အလုပ်ရှင်နှင့် အလုပ်သမားတို့က ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ လွန်ခဲ့သည့် ၂ နှစ်က အခြေခံလုပ်ခလစာ တစ်ရက် ၃၆၀ဝ ကျပ်ဖြင့် နိုင်ငံတော်က သတ်မှတ်ပေးခဲ့သော်လည်း ယခုအခါ ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ လုပ်ခလစာနည်း ပါးခြင်း၊ အလုပ်သမားရှားပါးလာခြင်း၊ ဝင်ကောင်းရနိုင်သည့် နိုင်ငံခြားသို့ ပြောင်းရွှေ့လုပ်ကိုင်မှု များပြားလာခြင်းကြောင့် အနည်းဆုံးလုပ်ခစာတစ်ရက်ကို ကျပ် ၅၀ဝ၀ နှင့် ၇၀ဝ၀ဝ ကြား ပြောင်းလဲပေးရန် အလုပ်သမားများက တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ(MNA)
ရာဘာစေးခြစ်အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက “ ကျနော်တို့ရာဘာစေးခြစ်အလုပ်က ညသန်းခေါင်ယံချိန်မှာ သွားရတယ်၊ အမှောင်ထဲမှာဆိုတော့ အသက်အန္တရာယ်နဲ့ စိုးရိမ်ရတယ်၊ အနည်းဆုံး အလုပ်ခလစာ တစ်ရက်ကို ၆၀ဝ၀-၇၀ဝ၀ ကြားထားမယ်ဆို အဆင်ပြေတယ်” ဟု ပြောသည်။

သို့ရာတွင် အနည်းဆုံးလုပ်ခလစာသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ အလုပ်ရှင်များမှ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ဆောင်ရွက်သင့်ကြောင်း နှင့် လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး အခြေခံလစာ သတ်မှတ်သင့်ကြောင်း အထပ်သားစက်ရုံမှူး ဦးတိုးလွင်က ပြောသည်။

“လုပ်ငန်းလုပ်တဲ့နေရာမှာ အရိပ်ထဲမှာ လုပ်တဲ့သူနဲ့ မိုးရေထဲမှာ လုပ်ရတဲ့သူက အခြေခံလစာ အတူတူဖြစ်နေတယ်၊ ဒါဟာ လုပ်ငန်းသဘာဝအရ မျှတမှုမရှိဘူးလို့ ကျနော်မြင်တယ်၊ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ကျနော်တို့ အလုပ်ရှင်ဘက်က အခြေခံလစာ ပြောင်းလဲပေးဖို့ ကြိုဆိုပါတယ်” ဟု ပြောသည်။

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ(MNA)
ယခုဆွေးနွေးပွဲမှ ရရှိလာသည့်အချက်အလက်များအား စက်တင်ဘာလကုန်ပိုင်းတွင် အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီထံမှ သိရသည်။

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များပါဝင်သည့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီက အဆိုပြုထားသည့် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တပြေးညီ အလုပ်ချိန် (၈)နာရီအတွက် အနည်းဆုံး လုပ်ခလစာအဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှစတင်ပြီး တစ်နေ့ (၃၆၀ဝ) ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရ အတည်ပြုခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts