spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ထိုးရန် ၃ လအချိန်ပေးဟု မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံ

    NCA လက်မှတ်ထိုးရန် ၃ လအချိန်ပေးဟု မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံ

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် ၃ လခန့်အချိန်ပေးရန် မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံခဲ့ကြောင်း ယနေ့(သြဂုတ် ၂၃ ရက်) ဆွေးနွေးပွဲအပြီးသတင်းထောက်များနှင့် တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ဦးဆောင်သည့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကျော်ယဲ့ ဦးစီးသည့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တို့ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လက်ရှိဝန်ကြီးချုပ်လက်ထက် ဒုတိယအကြိမ်တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

    မွန်ဝန်ကြီးချုပ်နှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်များ(Facebook)
    ဝန်ကြီးချုပ်က “သူတို့(NMSP) NCA လက်မှတ်ထိုးဖို့အတွက် ၃ လလောက်အချိန်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်၊ NCA လမ်းကြောင်းအတိုင်းသွားဖို့ သူတို့အများစုမှာ ဆန္ဒရှိကြတယ်၊ မွန်ပြည်သစ်ပါတီက UNFC ဥက္ကဌဖြစ်နေတဲ့အတွက် ကျန်တဲ့အဖွဲ့တွေနဲ့လည်း ညှိနေရတယ်၊ ဒါပေမယ့် ကျန်တဲ့အဖွဲ့ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ဒီ ၃ လအတွင်း သူတို့ဆုံးဖြတ်ချက်ချမယ်” ဟု ပြောသည်။

    မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အလားတူ တစ်လတစ်ကြိမ်ပုံမှန်တွေ့ဆုံပွဲများ ကျင်းပပြုလုပ်သွားရန်နှင့် ကြားအချိန်များတွင်လည်း လိုအပ်သလိုတွေ့ဆုံကြရန် သဘောတူညီကြကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

    ဆွေးနွေးပွဲတက်ရောက်သူ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက “ NCA လက်မှတ်ထိုးဖို့ ဝန်ကြီးချုပ်နဲ့ အရင်တခါတွေ့ဆုံခဲ့တုန်းကလည်း တိုက်တွန်းခဲ့ပါတယ်၊ အခုလည်း တွေ့ဆုံတဲ့အခိုက်မှာ ဝန်ကြီးချုပ် ထပ်မံတိုက်တွန်းပြန်ပါတယ်၊ ကျနော်တို့အနေနဲ့ကလည်း တတိယအကြိမ်(၂၁ ရာစုပင်လုံ) ညီလာခံ ပါနိုင်အောင် ဒီကြားထဲလက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေတယ်၊ NCA ရေးထိုးနိုင်ဖို့အမြဲတမ်းပဲ ကြိုးစားနေတယ်” ဟု ပြောသည်။

    ထို့အတူ အစိုးရစာသင်ကျောင်းများ၌ ကျောင်းချိန်အတွင်းမွန်စာပေသင်ကြားရေးနှင့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ MCL ၌ ကျောက်မီးသွေးလောင်စာအစား အခြားလောင်စာများအစားထိုးအသုံးပြုသွားရန် ပြည်နယ်အစိုးရအား တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက “NCA စာချုပ်ပါ အကြောင်းအရာနဲ့ စည်းကမ်းတွေအကုန်လုံးဟာ အစိုးရအတွက်သော်၄င်း တပ်မတော်အတွက်သော်၄င်း ရေးသားထားတာမရှိဘူး၊ ဘာကိုဇောင်းပေးထားသလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုပဲ ဦးစားပေးပြီးတော့မှ အစိုးရနဲ့တပ်မတော် သဘောတူထားတယ်၊ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့စာချုပ် ဘာကြောင့်လက်မှတ်မထိုးသလဲဆိုတာ သူတို့ဘက်မှာပဲ ရှိတယ်” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာဦးဆောင်ရေးဆွဲခဲ့သည့် NCA စာချုပ်ကို မွန်ပြည်သစ်ပါတီက လက်မှတ်မရေးထိုးဘဲ ကျန်ရှိနေခြင်းဖြစ်ကြောင်း ၄င်းက ထောက်ပြသည်။

    သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း ညီညွတ်သော်တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များနှင့်အတူ NCA လက်မှတ်မရေးထိုးဖြစ်သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts