spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံဆွေးနွေး

    မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံဆွေးနွေး

    -

    မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကျောဲယဲ့ ဦးဆောင်သည့်အဖွဲ့နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့တို့ သြဂုတ်လ ၂၃ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    တွေ့ဆုံပွဲတွင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ် NCA နှင့် ပတ်သက်သည့် မွန်ပြည်သစ်ပါတီ သွားနေသည့်လမ်းကြောင်းကိစ္စ အဓိက ဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များအား နှုတ်ဆက်နေစဉ်(MNA)
    “အခုဆွေးနွေးပွဲမှာ သူတို့အနေနဲ့လည်း NCA လက်မှတ်ထိုးဖို့အတွက် အချိန် ၃ လလောက် အချိန်ပေးဖို့အတွက် မေတ္တာရပ်ခံတယ် ဒါပေမယ့် သူတို့က NCA လမ်းကြောင်းအတိုင်းသွားဖို့ကိုလည်း အများစုမှာ ဆန္ဒရှိကြတယ်၊ နောက်တခုက သူတို့က UNFC မှာ ဥက္ကဌဖြစ်နေတဲ့အတွက် ကျန်တဲ့အဖွဲ့တွေကို စည်းရုံးရေးဆင်းနေတယ် တကယ်လို့ ကျန်တဲ့အဖွဲ့က သဘောထားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့အနေနဲ့ နောက် ၃ လကြာရင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပေးမယ်ဆိုပြီးပြောတယ်” ဟု ဒေါက်တာအေးဇံက ပြောသည်။

    မွန်ပြည်နယ်အစိုးရဘက်က ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအပိုင်းမှာ ပါဝင်နိုင်ဖို့အတွက် NCA ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းထားသည်ဟု ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

    “ဒီနေ့ဆွေးနွေးတာက နိုင်ငံရေးအကြောင်းပေါ့လေ အဓိက နိုင်ငံရေးအကြောင်းဆိုတာက ဝန်ကြီးချုပ်က ကျနော်တို့ မွန်ပြည်သစ်ပါတီကို အရင်ကတည်းကလည်း တိုက်တွန်းဖူးပါတယ် အခုလည်း ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုအပိုင်းမှာ ကျနော်တို့ပါတီ ပါဝင်နိုင်ဖို့ NCA ထိုးဖို့ တိုက်တွန်းပါတယ်” ဟု ၄င်းက ပြောသည်။

    မွန်ပြည်သစ်ပါတီအနေလည်း NCA လက်မှတ်ရေးထိုးနိုင်အတွက် အမြဲကြိုးစားနေသည်ဟု နိုင်ဝင်းလှက ဆက်ပြောသည်။

    တွေဆုံမှုတွင် နိုင်ငံရေးအကြောင်းများအပြင် မွန်စာပေသင်ကြားရေးကိစ္စ၊ မွန်လူထုကန့်ကွက်နေသည့် MCL ဘိလပ်မြေစက်ရုံကိစ္စ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ အစရှိသည့် အကြောင်းအရာများဆွေးနွေးခဲ့ကြသလို နောက်နောင် ထပ်မံတွေ့ဆုံကြမည့်ကိစ္စလည်း ဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

    NLD အစိုးရလက်တွင် ဦးမင်းမင်းဦး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က ပထမအကြိမ်အဖြစ် မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံလက်ထက်မှာ ၂ ကြိမ် တွေ့ဆုံခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်ခတ်ရပ်စဲရေးသဘော တူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့သည်။

    ဒုတိယအကြိမ် အပစ်ခတ်ရပ်စဲရေးသဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဦးသိန်းစိန်ဦးဆောင် အစိုးရအဖွဲ့တို့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူညီထားခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks