Homeသတင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU တပ်မဟာ(၁)နှင့် မွန်ပြည်နယ်အစိုးရတို့ ပထမအကြိမ်တွေ့ဆုံ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU တပ်မဟာ(၁)နှင့် မွန်ပြည်နယ်အစိုးရတို့ ပထမအကြိမ်တွေ့ဆုံ

-

ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ခေါင်းဆောင်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ခေါင်းဆောင်တို့ သြဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ တွေ့ဆုံခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) လှုပ်ရှားနယ်မြေများဖြစ်သည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့ နယ်ဒေသအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်အစိုးရရုံး(MNA)
“အစိုးရသစ်လက်ထက်မှာ သူတို့နဲ့ ဒါပထမဆုံးတွေ့ တယ်။ သူတို့လိုအပ်ချက်တွေက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး ကျန်းမာရေး လူမှုရေးကိစ္စရပ်တွေကို စိုးရအဖွဲ့ကို တင်ပြသွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဒေသအတွင်း လိုအပ်ချက်များကို စီမံဆောင်ရွက်ပေးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောဆိုခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်နိုင်ဦးက ဆိုသည်။

ယင်းတွေ့ဆုံမှုတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ တပ်မဟာ (၁) တပ်မဟာမှူး စောကျော်လင်း၊ ဒုတပ်မဟာမှူး စောပလေ့၊ တပ်ရင်း(၁) တပ်ရင်မှူး စောမြင့်ထွေး၊ တပ်ရင်း (၂) ဒုတပ်ရင်းမှူး စောရွှေကို၊ တပ်ရင်း(၃) တပ်ရင်းမှူး စောဒါးနေထူးနှင့် သထုံခရိုင် အတွင်းရေးမှူး ပဒိုစောမြင့်စိုး တို့ပါဝင်ကြောင်း သိရသည်။

အလားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီ NMSP အား မွန်ပြည်နယ်ဝန်ကြီးချုပ်တွေ့ဆုံလိုကြောင်း သြဂုတ်လ ၈ ရက်နေ့ မွန်တော်လှန်ရေးနေ့မတိုင်မီက အကြောင်းကြားခဲ့ရာတွင် သြဂုတ်လ ၁၇ ရက်နေ့တွင် တွေ့ဆုံနိုင်ကြောင်း ရက်ချိန်းသတ်မှတ်ခဲ့သော်လည်း အစိုးရဘက်ကပြန်လည်အကြောင်းပြန်ခြင်းမရှိသဖြင့် မတွေ့ဆုံဖြစ်သေးကြောင်း မွန်ပြည်သစ်ပါတီခေါင်းဆောင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts