spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ရေးရာများဆောင်ရွက်မည့်ဝန်ကြီးတစ်ပါး ပူးတွဲတာဝန်ချပေးရန် ပြည်နယ်လွှတ်တော်တိုက်တွန်း

    မွန်ရေးရာများဆောင်ရွက်မည့်ဝန်ကြီးတစ်ပါး ပူးတွဲတာဝန်ချပေးရန် ပြည်နယ်လွှတ်တော်တိုက်တွန်း

    -

    မွန်လူမျိုးများ၏ အရေးဆိုင်ရာများကို မွန်ပြည်နယ်ရှိ အခြားသောတိုင်းရင်းသားများနည်းတူ စီမံဆောင်ရွက်ပေးမည့် ဝန်ကြီးတစ်ဦးဦးအား ပူးတွဲတာဝန်ချပေးရန် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားအရေးရာဆိုင်ရာကော်မတီက မွန်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းထားကြောင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်မှ သိရသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ကိုင်တွယ်ကူညီဖြေရှင်းနိုင်မည့် ဝန်ကြီးတစ်ပါးပါးအား ရွေးချယ်တာဝန်ပေးအပ်ဆောင်ရွက်ပေးနိုင်ရန်၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုတွင် (ဗမာ၊ကရင်၊ ပအိုဝ်း) တိုင်းရင်းသားရေးရာတို့အတွက် ခွဲဝေချထားပေးမှုရှိခဲ့သော်လည်း မွန်တိုင်းရင်းသားရေးရာကိစ္စရပ်များအတွက် ခွဲဝေချထားပေးမှုမရှိခဲ့သည့်အတွက် လာမည့် ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ထည့်သွင်းရေးဆွဲနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် ပါရှိသည်။

    ပြည်နယ်လွှတ်တော်၏ တိုက်တွန်းစာ(Copy)
    “ဖွဲ့စည်းပုံအခြေခံဥပဒေအရ မွန်ပြည်နယ်မှာ မွန်စာပေယဉ်ကျေးမှုအတွက် ထဲထဲဝင်ဝင်လုပ်ဖို့ မွန်တိုင်းရင်သားရေးရာဝန်ကြီးမရှိဘူး၊ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အေးဒီအပေါ်မှာ ဘာတွေအခက်အခဲရှိလဲဆိုတော့ တချို့နေရာတွေမှာ အခက်အခဲဖြစ်တယ် ဥပမာ ကျောင်းဖွင့်ရာသီမှာ မွန်စာအုပ်မရောက်တာ၊ ပြီးတော့ မွန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့အခန်းအနားတို့ စသည်အားဖြင့် ဒီအတွက် လုပ်ပေးဖို့ ဝန်ကြီးတစ်ပါးကို တာဝန်အပ်ပေးဖို့ တိုက်တွန်းခဲ့တယ်” ဟု တိုင်းရင်းသားအရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်က ပြောသည်။

    ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မိမိလူမျိုးအရေးဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုရန် ဗမာတိုင်းရင်းသားအရေးရာအတွက် သိန်း ၁၅၀ဝ၊ ကရင်တိုင်းရင်းသားရေးရာအတွက် သိန်း ၂၀ဝ၀၊ ပအိုဝ်းတိုင်းရင်းသားရေးရာအတွက် သိန်း ၁၅၀ဝ ရရှိသွားပြီး မွန်တိုင်းရင်းသားရေးရာအတွက် မရရှိသည့်အတွက် နောင်လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အခြားလူမျိုးများနည်းတူ ရေးဆွဲချပေးရန် တောင်းဆိုရကြောင်း ၄င်းက ဆက်ပြောသည်။

    ယင်း တိုက်တွန်းစာကို ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့က တိုင်းရင်းသားကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ပေးပို့ခဲ့ကြောင်း၊ သြဂုတ် ၂ ရက်နေ့မနက်ပိုင်း၌ အစိုးရအဖွဲ့ရုံးတွင် Cabinet ရှိခဲ့သော်လည်း ၄င်းကိစ္စအား မဆွေးနွေးဖြစ်သေးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှ သိရသည်။

    “လွှတ်တော်က စာက မနေ့က ကျွန်တော့်ဆီရောက်တယ်၊ ဒီမနက် Cabinet မှာ မတင်ဖြစ်ဘူး၊ ဒီလိုတင်တာက အတွင်းရေးမှုးက တင်ရတယ်၊ အခုသူမတင်တာ ဘာကြောင့်လဲတော့မသိဘူးလေ၊ ဒါပေမဲ့ Cabinet နောက်အပတ်ကျ ကျွန်တော်ပဲ တင်လိုက်ရမလားမသိဘူး” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွင် တာဝန်ယူထားဖူးသူတစ်ဦးဖြစ်နေသည့်အတွက် ယင်းတာဝန်အား သူ့ကို ပူးတွဲတာဝန်ပေးအပ်ခဲ့လျှင် ဝမ်းသာစွာဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဝန်ကြီးချုပ် ဦးအုန်းမြင့် USDP အစိုးရလက်ထက်တွင် မွန်ပြည်နယ်အတွက် မွန်တိုင်းရင်းသား ရေးရာဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဆောင်ရွက်မည့် ဝန်ကြီးသီးသန့်မရှိခဲ့သော်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ မွန်ကိုယ်စားလှယ်တစ်ဦးဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts