Friday, March 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင် နည်းပညာတက္ကသိုလ် ဆရာ/မများ ဖဲကြိုးပြာလှုပ်ရှားမှုပြုလုပ်

    မော်လမြိုင် နည်းပညာတက္ကသိုလ် ဆရာ/မများ ဖဲကြိုးပြာလှုပ်ရှားမှုပြုလုပ်

    -

    လုပ်ငန်းခွင်တစ်ခုအတွင်း တန်းတူညီမျှစွာ ရာထူးမတိုးပေးသည့်အတွက် မော်လမြိုင် နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ (၆၀) ဦး ကျော်တို့က သြဂုတ်လ ၁ ရက်နေ့တွင် နည်းပညာတက္ကသိုလ်ကျောင်းရှေ့၌ ဖဲကြိုးပြာရင်ထိုးများတပ်ဆင်၍ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “ကျွန်မတို့ TU ဘက်က BE သမားတွေကို လက်ထောက်ကထိကနဲ့ဘဲ ပြီးမယ်လို့ သတ်မှတ်ထားပြီးသား ဝန် ကြီးဌာနတူ ဦးစီးဌာနတွေဘဲ ကွဲသွားတာ BE သမားတွေကို အခြားဌာနမှာကျတော့ ကထိကထိပို့ပေးတာ TU မှာကျတော့ လက်ထောက်ကထိကနဲ့ဘဲ ရပ်ထားတယ်”ဟု မော်လမြိုင်နည်းပညာတက္ကသိုလ် လက်ထောက် ကထိက ဒေါ်အေးစုသူသူက ဆိုသည်။

    မော်လမြိုင် နည်းပညာတက္ကသိုလ် ဆရာ/မများ ဖဲကြိုးပြာလှုပ်ရှားမှု(Internet)
    မြန်မာနိုင်ငံအနှံ့ရှိ နည်းပညာတက္ကသိုလ်နှင့်ကွန်ပျူတက္ကသိုလ်က ဆရာ/ဆရာမများအားလုံးအတွက် ဦးစီးဌာန မတူသော်လည်း ဝန်ကြီးဌာနတစ်ခုတည်းအောက်မှာ တည်ရှိနေသောကြောင့် တန်းတူညီမျှစွာ ရာထူးတိုးပေးရန် အတွက်လှုပ်ရှားရခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

    “သူများတွေတိုးလို့ ကိုယ့်ကိုတိုးပေးရမယ်လို့ အဲလိုတော့မဟုတ်ဘူး၊ မူပေါ့ ဒီပညာအရည်အချင်းအရ ဒီလုပ်သက်ကို ဘယ်လောက်နဲ့တိုးမှာလဲ၊ တိုးမယ်ဆိုရင်အကုန်လုံးတန်းတူအခွင့်အရေးပေးပေါ၊့ ဘယ်ဝန်ထမ်း မဆို ဒီလိုမျိုးတန်းတူအခွင့်အရေးကို ရစေချင်တာ”ဟု မြန်မာစာဌာန(သရုပ်ပြ) ဦးအောင်ကိုဝင်းက ပြောသည်၊

    ဥပဒေအရ ရာထူးတိုးပေးရမည့်သတ်တမ်း သတ်မှတ်ပေးထားသော်လည် ၄င်းအခွင့်အရေးကို ဆောင်ရွက်ပေးခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။
    “လက်ထောက်ကထိက ၃ နှစ်ပြီးရင် ကထိက တင်ပေးမယ်လို့ပြောတာ၊ အခုကျမ လက်ထောက်ကထိက လုပ်သက်က ၇ နှစ်နှင့် ၁ လ ရှိပြီ၊ ဟိုဌာနမှာကျတော့ ကျမနဲ့လုပ်သက်တူ M.E အပတ်စဉ်အတူတူ Ph.D လဲ အပတ်စဉ်အတူတူဘဲ သူတို့က ကထိကဖြစ်နေပြီတော့ ကိုယ်က လက်ထောက်ကထိကနဲ့ ကျန်ခဲ့တယ်”ဟု မော်လမြိုင် နည်းပညာတက္ကသိုလ် လက်ထောက်ကထိက ဒေါ်ယဉ်မွန်ဆွေက ပြောသည်။

    ဖဲကြိုးပြာလှုရှားမှုသည် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ တောင်ကြီး၊ ပုသိမ်စသည့် မြန်မာနိုင်ငံအနှံ့အပြားရှိ နည်းပညာ တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များမှ ထောင်နှင့်ချီသော ဆရာ/မများ နိုင်ငံတဝန်း ဖဲကြိုးပြာ လှုပ်ရှားမှုကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်လိုက်ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks