spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်းများယာယီပိတ်ထား

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်းများယာယီပိတ်ထား

    -

    ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးမှုကြောင့် ဇူလိုင်လ(၃၁) ရက်နေ့အထိ ကျိုက်ဒုံမြို့အပါအဝင် စာသင်ကျောင်း (၂၄) ကျောင်း ယာယီပိတ်ထားရပြီး လူနေအိမ် (၂၀ဝ) ကျော်နှင့် ရေဘေးသင့်ပြည်သူ ၉၀ဝ ကျော်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “ကျောင်းထဲ ရေတွေဝင်လာလို့ သွားရ၊ လာရ ခက်ခဲလို့ ကျောင်းတွေကို ပိတ်ထားတာဖြစ်တယ်။ ကျောင်းမှာ စာသင်မရတော့လို့၊ ကလေးတွေ သွားရေးလာရေးခက်လို့ အန္တရာယ်များမှာစိုးလို့ ပိတ်တဲ့သဘောပါ” ဟု ပြောသည်။

    ကျောင်းသူအချို့အိမ်ပြန်လာစဉ်(Myat Oo Thar)
    ထို့အတူ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းပေါ်ရှိ ဘေလီတံတားနှစ်စင်း ဇူလိုင်လ (၂၆) ရက်နေ့က ရေထဲမျောပါသွားသည့်အတွက်လမ်းခရီး ပြတ်တောက်နေဆဲဖြစ်ပြီး ယနေ့တွင် ရေအနည်းငယ်ပြန်ကျသွားသည်ဟု သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးမှူး ဒေါ်ခင်နှင်းမူက “ ကျောင်းပိတ်တဲ့ကိစ္စကို အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ အစည်းအဝေးလုပ်နေတာတွေရှိတယ်။ ရေတွေတဖြည်းဖြည်းတော့ ကျလာမှာပါ။”သည်။

    ကရင်ပြည်နယ်မှာ ရေကြီး ရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူများကို စားနပ်ရိက္ခာများထောက်ပံ့ပေးထားကြောင်း ကရင်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီအောင်က ပြောသည်။

    “ကျမတို့ဌာနအနေနဲ့ အဲ့ဒီကြာအင်းဆိပ်ကြီးမှာ ရေဘေသင့်ပြည်သူ ၉၀ဝ ကျော်အတွက် ဆန်နဲ့ ငါးသေတ္တာတွေ ထောက်ပံ့ပေးနေပါတယ်” ဟု ဒေါ်နီနီအောင်က ဆိုသည်။

    ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လယ်မြေ ဧက ၁,ဝဝဝ ကျော် ရေနစ်မြှုပ်နေသည်ဟု မြို့နယ် စိုက်ပျိုးရေးဌာန ဦးစီးဌာနမှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့မှ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ဟောင်သရောမြစ်၊ ဇမိမြစ်၊ ဝင်းရော်မြစ်၊ ကွင်းကြီးချောင်း၊ ကြိတ်ချောင်းတို့မှ ရေများ လျှံထွက်လာပြီး လူနေအိမ်များနှင့် လယ်ယာ စိုက်ခင်းများ ရေနစ်မြုပ်ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks