spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းထားဝယ်မှကြက်များ မွန်ပြည်နယ်သို့ မဝင်ရောက်နိုင်ရန် ရေးမြို့၌တားဆီး

    ထားဝယ်မှကြက်များ မွန်ပြည်နယ်သို့ မဝင်ရောက်နိုင်ရန် ရေးမြို့၌တားဆီး

    -

    လတ်တလောဖြစ်ပေါ်နေသည့် H1N1 ဗိုင်းရပ်ကြိုတင်ကာကွယ်သည့် ကာကွယ်သည့်အနေဖြင့် ထားဝယ်မှ ကြက်များ မွန်ပြည်နယ်သို့ မဝင်ရောက်နိုင်ရန် ဇူလိုင်လ (၂၈) ရက်နေ့ မှစတင်ပြီး ရေးမြို့တံတားကြီး အဝင်ဂိတ်တွင် ရေးမြို့နယ်ကြက်ငှက်ကာကွယ်ရေးကော်မတီမှ စတင်တားဆီးပိတ်ပင်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

    “ထားဝယ်မှာလည်း ပိတ်ထားတယ်။ တကယ်လိုအဲဒီကနေ ကျွံထွက်လာရင် ဒါမှမဟုတ် ခိုးသွင်းလာရင်ဆို ရင်တော့ အဲသည့်တံတားကနေ တာဆီးမှာပါ။ မိလို့ရှိရင် ဖျက်ဆီးပစ်မှာပေါ့” ဟု ရေးမြို့နယ်ကြက်ငှက်ကာကွယ် ရေးကော်မတီအတွင်းရေးမှူး၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါက်တာသန်းထွန်း အောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကြက်မွေးမြူရေး(MNA)
    ရောဂါကင်းစင်ပြီးဟု မကြေငြာမချင်း အဆိုပါ ရေးမြို့အဝင်ဂိတ်တွင် ဆက်လက်စီစစ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင်က ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း H5N1 ကြက်ငှက်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ဇူလိုင်လ ၂၆ ရက်စွဲဖြင့် မွန်ပြည်နယ်အစိုးရမှ ၁၀ မြို့နယ်ရှိ တာဝန်ရှိသူများအား ညွှန်ကြားစာ ပေးပို့ထားရှိသည်ဟု မွန်ပြည်နယ် တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

    တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူး ဦးအောင်သောင်းဝင်း က “ထားဝယ်ကလာတဲ့ ကြက်တွေကို လုံးဝ ပိတ်ထားတယ်။ တခြားပြည်နယ်/တိုင်းကလာတဲ့ကြက်ကိုတော့ သူသယ်လာတဲ့နေရာက တိရိစ္ဆာန်ကျန်းမားရေးကောင်းကြောင်း ထောက်ခံချက်မပါဘဲနဲ့တော့ ဖြတ်သန်းခွင့်ပေးမှာမဟုတ်ဘူး။ သူသယ် လာတဲ့နေရာ ပြန်သွားရင်သွားပါ။ မသွားရင်အဲ့သည့်နေရာမှာပဲ ကျွန်တော်တို့ဖျက်ဆီးမယ်” ဟု ဆိုသည်။

    အဆိုပါကူးစက်မြန်ပြင်းထန်သည့် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် မွန်ပြည်နယ်ရှိ ကြက်ခြံများတွင် ကြက်ငှက်တုတ်ကွေး ဗိုင်းရစ်(ပ်) ကို သေစေနိုင်သည့်ဆေးများကိုလည်း လိုက်လံဖြန်း ပေးလျက်ရှိကြောင်း ဒေါက်တာဦးအောင်သောင်းဝင်း က ဆက်ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ဒေါက်တာမောင်နီ၏ ဥစားကြက်မွေးမြူရေးခြံတွင် ကြက်များသေဆုံးသဖြင့် ရန်ကုန်တိရိစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန့်သို့ ကြက်သေနမူနာများပေးပို၍ ရောဂါရှာဖွေစမ်းသပ်စစ်ဆေးခဲ့ရာ အပြင်းစားကြက်ငှက်တုတ်ကွေးရောဂါ H5N1 Positive ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ထားဝယ်မှ ကြက်များမွန်ပြည်နယ်သို့မဝင်ရောက်စေရန် တားဆီး ပိတ်ပင်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

    မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ကြက်မွေးမြူးရေးခြံ စုစုပေါင်း (၆၅၀) ခန့်ရှိကြောင်း မွန်ပြည်နယ်တိရိစ္ဆာန် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

    မော်လမြိုင်မြို့ရှိ ဇာနည်အောင် အထွေထွေဆေးကုခန်းတွင် H1N1 ဟု သံသယရှိသည့် ဧည့်သည်အမျိုးသမီးလူနာတစ်ဦးကို ဇူလိုင်လ ၂၈ ရက်နေ့လည်ပိုင်းအချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts