spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မှ H1N1 သံသယရှိ လူနာတစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်

    မော်လမြိုင်မှ H1N1 သံသယရှိ လူနာတစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဇာနည်အောင် အထွေထွေဆေးကုခန်း၌ H1N1 ဟု သံသယရှိ အသက် ၃၀ အရွယ်ဧည့်သည်အမျိုးသမီးလူနာတစ်ဦး တွေ့ရှိခဲ့ပြီး ယနေ့ ဇူလိုင် ၂၈ ရက်နေ့ နေ့လည်အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

    “ကျွန်တော်တို့ မွန်ပြည်နယ်မှာ မဖြစ်သလောက်ပါပဲ။ ရန်ကုန်မှာကတည်းက ဖြစ်နိုင်ချေ ရှိတယ်လို့တော့ ထင်ပါတယ်။ ရန်ကုန်ကို ကျွန်တော်တို့လူနာတင်ယာဉ်နဲ့ ပို့လိုက်တယ်။ မြို့ထဲဝင်တော့ လမ်းပိတ်တာတို့၊ကြပ်တာတို့ရှိတဲ့အတွက် အမြန်လမ်းထိပ် အမှတ်(၃) လမ်းဆုံထိပ်မှာ ရန်ကုန်က K-Ambulance နဲ့ ဦးကျော်သူအဖွဲ့နဲ ချိတ်ဆက်ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။H1 N1 သံသယ ရှိတယ်ဆိုလို့ ပိုးသတ်ဆေးတွေ ဖြန်း၊ ကျွန်တော်တို့ အဖွဲ့ဝင်တွေလည်း ဆေးစစ်တာတွေ လုပ်ရမှာပါ” ဟု လူနာကို လွှဲပြောင်းပေးခဲ့သည့် အေးမြကြည်လင် နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးသန်းနိုင်ထွန်းက ပြောသည်။

    အရေးပေါ်လူနာတင်ကား ပိုးသတ်ဆေးဖြန်း(MNA)
    မွန်ပြည်နယ်တွင် အဆိုပါ အပြင်းစားတုပ်ကွေးကူးစက်ရောဂါ H1N1 Virus ပိုးနှင့် ပတ်သက်၍ လတ်တလော အသိပညာပေးမှုသာရှိပြီး ကြိုတင်ကာကွယ်ထားမှု မရှိသေးကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်

    “လူနာကတော့ အဖျားကြီးတယ်။ ကိုယ်ပူရှိ်န်တွေကျတယ်။ အောက်ဆီဂျင် တောက်လျှောက်ပေးခဲ့ရတယ်။ ကျွန်တော်တို့က အဖျားရှိတယ်လို့ပဲ သိရတာ၊ ရန်ကုန်ဆေးရုံကြီးရောက်တော့ H1N1 သံသယလူနာဖြစ်နေတယ်။ ကျွန်တော်တို့ ကားတွေကို ပိုးသတ်ဆေးဖြန်း၊ သန့်ရှင်းရေး ပြန်လုပ်ထားတယ်။” နာရေကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ဦးရဲသွင်ထွဋ်က ပြောသည်။

    ပြီးခဲ့သည့်ဇူလိုင်လ (၂၇) ရက်နေ့တွင် H1N1 ကြိုတင်ကာကွယ်ရေးအဖြစ်
    သာသနာနွယ်ဖောင်ဒေးရှင်း နှင့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မော်လမြိုင် အဝေးပြေးကားဝင်း၊ ဘူတာကြီးနှင့် လူစည်ကားရာနေရာများ၌ မျက်နှာဖုန်း Mask များ အခမဲ့ ဝေငှပေးခဲ့သည်ဟု သိရသည်။

    မြန်မာနိုင်ငံ H1N1 ဖြစ်ပွားမှုမှာ ၂၀ဝ၉ ခုနှစ်တွင် (၁၄)ဦး၊ ၂၀၁၀ခုနှစ်တွင် (၂၃၂)ဦး၊ ၂၀၁၄ ခုနှစ်တွင် (၁၆၇)ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရပြီး လက်ရှိတွင် H1N1 ကူးစက်ရောဂါကြောင့် ၆ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks