spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်ရန်ညှိနှိုင်း

    မော်လမြိုင်တွင် အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်ရန်ညှိနှိုင်း

    -

    မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်ရန် ဖင်လန် နိုင်ငံမှ ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

    “အခုကတော့ ကုမ္ပဏီလေးငါးခု လာဆွေးနွေးတုန်းရှိပါသေးတယ်။ဖင်လန်နိုင်ငံအခြေစိုက်ကုမ္ပဏီတွေက လာကူညီတာပါ။မြို့ထဲမှာ ရှိတဲ့အမှိုက်တွေကိုသိမ်းပြီး အဲ့ဒီကနေတဆင့် လျှပ်စစ်ထုတ်မှာပါ။ မြေဧကကတော့ (၁၂၀) လိုမယ်လိုတော့ ပြောတယ်။အဲ့ဒီထက်ပိုဖို့လည်း ရှိပါတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

    မော်လမြိုင်ကမ်းနားလမ်းမှ စွန့်ပစ်အမှိုက်များ(MNA)
    အဆိုပါ အမှိုက်ဖျက်ဆီးစက်ရုံကို မော်လမြိုင်မြို့ မုရောင်းကျေးရွာအနီးရှိ စည်ပင်အမှိုက်ကန်၌ တည်ဆောက်သွားမှာဖြစ်ပြီး ယင်းစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်ယူသွားမည်ဟု ဆိုသည်။

    သို့ရာတွင် အမှိုက်စက်ရုံလည်ပတ်နိုင်ရန်အတွက်သာ ဘိုင်အိုဂတ်စ် နှင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှာဖြစ်ပြီး ပြင်ပသို့ ရောင်းချရန် ရှိ၊ မရှိ မသိရသေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ဒုတိယ အင်ဂျင်နီယာမှူး ဦးတင်ကိုကိုက ပြောသည်။

    “အဲ့ဒီက အမှိုက်တွေကို လျှပ်စစ်ထုတ်လို့ရရင်ထုတ်မယ်။ ဥပမာ မီးဖိုချောင်သုံး အမှိုက်တွေနဲ့ သစ်ရွက်၊ သစ်ကိုင်းခြောက်တွေပေါ့။ ဆေးရုံကထွက်တဲ့အမှိုက်တွေ၊ ပုလင်းကွဲတွေဆိုရင်တော့ အပြီးဖျက်ဆီးမှာပါ” ဟု ဦးတင်ကိုကိုက ပြောသည်။

    အလားတူ အဆိုပါ အမှိုက်ဖျက်ဆီး စက်ရုံမျိုးကို မွန်ပြည်နယ် (၁၀) မြို့လုံးတွင် တည်ဆောက်နိုင်မည်ဆိုပါက လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာ MoU ရေးထိုးနိုင်ရန် စိီစဉ်နေပြီး နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်နိုင်ရန် မျှော်မှန်းထားကြောင်း ဆိုသည်။

    သထုံမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက သထုံမှာလည်း အမှိုက်ပစ်ဖို့ နေရာတွေတော်တော်အခက်ခဲဖြစ်နေပါတယ်။မြေတွေ တန်ဖိုးတက်လာပြီး (၁၀) မြို့နယ်လုံးမှာ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

    လက်ရှိတွင် မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တစ်နေ့လျှင် အမှိုက်တန်ချိန်(၁၅၀)ကျော်ကို ဖျက်ဆီးနေပြီး အမှိုက်သိမ်းကားများကို ယခင်က (၂၅) စီးသာ အသုံးပြုနိုင်ခဲ့သော်လည်း နောက်လာမည့် နှစ်လအကြာမှာ မြို့အနှံ့ အမှိုက်သိမ်းစည်းနိုင်ရေး အမှိုက်ကား အစီး(၂၀) ထပ်မံ ဝယ်ယူသွားမှာ ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks