spot_img
Sunday, April 20, 2025
More
    spot_img
    Homeမေးမြန်းချက်မွန်ပြည်နယ် NLD ဥက္ကဌ ဒေါက်တာခင်ဆောင်နှင့် မေးမြန်းချက်

    မွန်ပြည်နယ် NLD ဥက္ကဌ ဒေါက်တာခင်ဆောင်နှင့် မေးမြန်းချက်

    -

    ချောင်းဆုံမြို့နယ် NLD ပါတီဝင် (၂၁) ဦးကို ပါတီဗဟိုဆုံးဖြတ်ချက်အရ တာဝန်မှ ယာယီ ရပ်ဆိုင်းထားပြီး တစ်လအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါသည်။

    အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်သူ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ဥက္ကဌ ဒေါက်တာခင်ဆောင်ကို မွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းချက် ဖြစ်သည်။

    မွန်ပြည်နယ် NLD ဥက္ကဌ ဒေါက်တာခင်ဆောင်(MNA)
    မေး။ ။ NLD ပါတီဝင် (၂၁) ဦးကို တစ်လအတွင်း စစ်ဆေးမယ်ဆိုတော့ အခုလက်ရှိဘယ်လိုတွေ စိစစ်ဆောင်ရွက်နေလဲ။
    ဖြေ။ ။ ကျွန်တော်တို့ကို တိုင်ကြားထားတဲ့သူတွေကို အရင်ဆုံး စစ်ဆေးနေပါတယ်။

    မေး။ ။ သူတို့ကို အဓိက စစ်ဆေးတာက ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံကိုယ်စားလှယ် ဦးအေးဝင်းကို ရွေးချယ်ခဲ့တဲ့အတွက် ဆန္ဒပြတဲ့အကြောင်းနဲ့ ဆက်စပ်နေတယ်လို့ပြောတယ်။အဲ့ဒါ တစ်ခုတည်းကြောင့်ပဲလား။
    ဖြေ။ ။ ဟုတ်ပါတယ်။ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒပြတဲ့အတွက် ပါတီဗဟိုက အရေးယူတာပါ။ ဒီတစ်ခုတည်းပါ။

    မေး။ ။ ချောင်းဆုံ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဖြစ်တဲ့ ကိစ္စကို အခုမှ ပြန်လည်အရေးယူတာတွေ ရှိတယ်လို့ ဝေဖန်နေတာတွေလည်း ရှိပါတယ်ဆရာ။ဘာကြောင့်များပါလဲ။
    ဖြေ။ ။အစကတည်းက တိုင်ကြားထားတာတွေ ရှိပါတယ်။အခုမှ ဗဟိုကနေပြီးတော့ ကျွန်တော်တို့ကို စုံစမ်းစစ်ဆေးဖို့ဆိုပြီးတော့ စာထုတ်လိုက်လို့ ကျွန်တော်တို့ စစ်ဆေးတာပါ။

    မေး။ ။ စစ်ဆေးနေတဲ့ကာလအတွင်းမှာရော အခက်ခဲတွေ ရှိသေးလား။
    ဖြေ။ ။ အခုလောလောဆယ်တော့ မရှိသေးပါဘူး။
    မေး။ ။ ပါတီဝင်တွေ ထောက်ခံတဲ့ ချောင်းဆုံဒေသခံ ဦးစောလင်းအောင် ကို မရွေးခဲ့ဘဲ ဦးအေးဝင်းကို ရွေးခဲ့လို့ ကြားဖြတ်မှာ ရှုံးနိမ့်ခဲ့တာလို့ သုံးသပ်လို့ရမလားဆရာ။ ဆရာ့အမြင်လေးလည်း ပြောပြပေးပါဦး။
    ဖြေ။ ။ဦးစောလင်းအောင်ကို မရွေးလို့ ရှုံးတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဦးအေးဝင်းလည်း အန်အယ်လ်ဒီကပဲလေ။ဦးစောလင်းအောင်လည်း အန်အယ်လ်ဒီကပဲလေ။ဗဟိုကနေပြီးတော့ စိစစ်ရွေးချယ်လိုက်တဲ့အခါမှာ ဦးအေးဝင်းဖြစ်လာတယ်။ အဲ့ဒါကြောင့် ဦးအေးဝင်း အောင်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းပြီး လုပ်ဆောင်ပေးရမှာပဲလေ။

    မေး။ ။ပါတီဝင် (၂၁) တောင်ဆိုတော့ လက်ရှိသူတို့တာဝန်တွေ ယာယီ ရပ်ဆိုင်းခံရတဲ့ အနေအထားမှာ ပါတီရဲ့ လုပ်ငန်းဆောင်တာတွေအခက်ခဲမရှိနိုင်ဘူးလား။
    ဖြေ။ ။မရှိနိုင်ပါဘူး။သူတို့ကို ယာယီ ရပ်ဆိုင်းထားတာဆိုတော့လေ။ တစ်လအတွင်း သူတို့ကို စစ်ဆေးရမှာပါ။

    မေး။ ။လက်ရှိမှာ NLD ပါတီဝင်တွေ အချင်းချင်း ဆန္ဒပြကြတယ်။ မကြာခဏ ဆိုသလို ပါတီဝင်တွေကို နေရာဒေသအသီးသီးမှာ ထုတ်ပယ်တာတွေရှိတယ်။အဲ့ဒီအပေါ်မှာအကိုဘယ်လိုမြင်ပါလဲ။
    ဖြေ။ ။ ကျွန်တော်တို့ ပါတီမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ ဗဟိုကတော့ အရေးယူမှာပဲ။ဒါက ကျွန်တော်တို့ အစကတည်းက ပြောထားပြီးသားပါ။

    မေး။ ။ လက်ရှိ မွန်ပြည်နယ်မှာ ဝန်ကြီးချုပ်တွေကလည်း အပြောင်းအလဲ ဖြစ်ခဲ့တယ်။ချောင်းဆုံ တံတားကိစ္စတွေ ၊ ကျောက်မီးသွေးကိစ္စတွေ ဂယက်ရိုက်ခဲ့တယ်ဆိုတော့ ဒါတွေကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင်ဘယ်လိုတွေ ဆက်လက် လုပ်ဆောင်သင့်တယ်လို့ ဆရာမြင်လဲ။
    ဖြေ။ ။ဒါတွေကတော့ ကျွန်တော်တို့ ပါတီနဲ့ မကိုက်ညီတဲ့အတွက် အရေးယူခံရတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။

    မေး။ ။ ပါတီဝင်တွေကို တာဝန်က ယာယီ ရပ်ဆိုင်းတဲ့ အပေါ် ဆရာ့အနေနဲ့ ဘာတွေ ဖြည့် စွက်ပြောချင်သေးလဲ။
    ဖြေ။ ။ ကျွန်တော်ကတော့ ပြည်နယ်ပါတီ ဥက္ကဌတစ်ယောက်အနေနဲ့ ကျွန်တော့တာဝန်တွေကိုပဲ လုပ်သွားမှာပါ။ကျွန်တော်တို့ကတော့ စုံစမ်းစစ်ဆေးရမယ့် တာဝန်ပါပဲ။ ပါတီဝင်တွေကို ထုတ်ပယ်မလား၊ ဆက်လက် ရှိနေလားဆိုတာကတော့ ဗဟိုအလုပ်အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်ပေါ် မှာပဲ မူတည်ပါတယ်။

    မေး-အခုလိုအချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,000SubscribersSubscribe
    spot_img

    Latest posts