spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပါတီဝင်အချို့ကို ထုတ်ပယ်ခြင်းမရှိသေးဟုဆို

    မွန်အမျိုးသားပါတီဝင်အချို့ကို ထုတ်ပယ်ခြင်းမရှိသေးဟုဆို

    -

    မွန်အမျိုးသားပါတီ MNP ဗဟိုဌာနချုပ်နှင့် အချိန်ကာလကြာအဆက်ပြတ်နေသည့် ဗဟိုအလုပ်မှုဆောင်အချို့အပါအဝင် ပါတီဝင် (၆) ဦးတို့အား ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းရှိမရှိ သဘောထားဆန္ဒတောင်းခံထားဆဲဖြစ်ပြီး ပါတီမှထုတ်ပယ်ခြင်းကို မဆုံးဖြတ်ရသေးကြောင်း MNP)အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးတွင် ပါ တီဝင် (၆) ဦးကို ထုတ်ပယ်လိုက်ပြီဖြစ်သည်ဟု သတင်းပြန့်နှံ့နေသည့်ကိစ္စအပေါ် ယင်းကဲ့သို့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခြင်းဖြစ်သည်။

    ပထမအကြိမ်ညီလာခံမှရွေးချယ်ခဲ့သော MNP CEC အဖွဲ့(MNA)
    နိုင်လယီတမက “ကျွန်တော်တို့တောင်းဆိုထားတဲ့အပေါ်မှာ သတ်မှတ်ပေးထားတဲ့ရက်ကာလကလည်း မရောက်သေးဘူး၊ ဒီနေ့အထိလည်း သူတို့ကနေပြီးတော့ တစ်စုံတရာ အကြောင်းပြန်လာခြင်းမျိုး မရှိသေးဘူး၊ အခုက အဲဒီအခြေ အနေမှာရှိနေတယ်၊ ဆိုတော့ ဒီကိစ္စအပေါ်မှာ ဘာမှလည်း ဆုံးဖြတ်ချက်ချထားတာ မရှိသေးဘူး” ဟု ဆိုသည်။

    အဆိုပါ ဗဟိုအလုပ်မှုဆောင်များနှင့် ဗဟိုကော်မတီဝင်အချို့တို့သည် ပါတီနှင့်အဆက်ပြတ်နေသည်မှာ နှစ်နှင့်ချီပြီးရှိသည့်အတွက် ပါတီ၏လုပ်ငန်းတာဝန်များကို မလုပ်ကိုင်သူနှင့် ပါတီ၏အစည်းအဝေးကို မတက်ရောက်နိုင်သူများ ဖြစ်သည်ဟု ဆက်ပြောသည်။

    “လက်ရှိမှာတော့ သူတို့ရဲ့သဘောထားဆန္ဒအမှန်ကို စောင့်နေတုန်းပဲ၊ ဘယ်လိုဖြစ်လာမလဲဆိုတာ အဲဒီနောက်ဆုံးပေးထားတဲ့ရက်ကို ရောက်ပြီးတဲ့အချိန်ကျမှ ကျွန်တော်တို့ထုတ်ပြောပေးမယ်” ဟု နိုင်လယီတမ က ဆက်ပြောသည်။

    အဆိုပါ ပါတီဝင် (၆) ဦးတို့မှာ ဗဟိုအလုပ်မှုဆောင်နှစ်ဦးဖြစ်သော ဒေါက်တာ မင်းစိုးလင်း (မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့် နိုင်သောင်းရှိန်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော နိုင် M ချမ်းမွန်၊ နိုင်ဝင်းတင်၊ နိုင်ငွေ၊ မိမိုးမိုးအေးတို့ ပါဝင်ကြောင်း သိရသည်။

    ဒေါက်တာမင်းစိုးလင်းက “ဇူလိုင် ၁၅ အလုပ်မှုဆောင် အစည်းအဝေး ခေါ်ယူတုန်းက ကျွန်တော်တို့ကို ဖိတ်ကြားထားတာမရှိဘူး၊ ပြီးတော့ ကျွန်တော်တို့ကို ထုတ်ပယ် ရတဲ့ကိစ္စဆိုတာကလည်း ဗဟိုကနေ တစ်စုံတရာအကြောင်းပြန်တာမျိုး အခုထိ ဘာမှမရှိသေးဘူး” ဟု ဆိုသည်။

    ၂၀၁၅ ခုနှစ် မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် (၃၁) ဦးနှင့် ဗဟိုကော်မတီဝင် (၉၁) ဦးဖြင့် ဖွဲ့စည်းထားသော်လည်း လက်ရှိတွင် ဗဟိုအလုပ်မှုဆောင် (၂၇) ဦးနှင့် ဗဟိုကော်မတီဝင် (၇၈) ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks