spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးဆွေးနွေးမှု မူဘောင်အချက်အလက်များ ထပ်မံဖြည့်စွက်သွားရန် ကရင်အမျိုးသား အဖွဲ့အစည်းများသဘောတူ

    နိုင်ငံရေးဆွေးနွေးမှု မူဘောင်အချက်အလက်များ ထပ်မံဖြည့်စွက်သွားရန် ကရင်အမျိုးသား အဖွဲ့အစည်းများသဘောတူ

    -

    နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဇွန်လ ၂၈ ရက်နေ့ မှ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ရာတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပိုမိုအားကောင်းလာစေရန် လိုအပ်သည့် အချက်အလက်များကို ထပ်မံဖြည့်စွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    “ကျမတို့ ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ စုဖွဲ့ထားတဲ့ကော်မတီတွေက မူဘောင်တွေကို ပြန်သုံးသပ် ပြီးတော့ ဒီမူဘောင်ကို ပြင်ကိုပြင်ရမယ်လို့ သဘောတူခဲ့တာပေါ့” ဟု နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ စီမံခန့်ခွဲမှုကော်မတီမှ နန်းမြသီတာက ပြောသည်။

    နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ(MNA)
    အလားတူ KNU ထိန်းချုပ်နယ်မြေ လေးဝါးစခန်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ (၁၀) ရက်ကြာအချိန်ယူ၍ ကရင်အမျိုးသားအစည်းအရုံး KNU အမြဲတန်းဗဟိုကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်သည့် ခေါင်းဆောင် ၈၀ ကျော်တို့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နိုင်ငံရေးမူဘောင်တွင် ပြင်ဆင်ရမည့် အချက်များလေ့လာတွေ့ရှိခဲ့သည်ဟု နန်းမြသီတာက ဆက်ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ် တစ်ခုလုံး၏ အထောက်အကူပြုယန္တရားများနှင့် အကောင်အထည်ဖော်မှုဆိုင်ရာများသည် မူလသဘောတူ လက်ခံထားခဲ့ကြသည့် NCA ဆိုင်ရာအခြေခံမူ၊ ခံယူချက်သဘောထားများနှင့် ကတိပြုချက်များအပေါ် လိုက်နာမှုအားနည်းပျက်ကွက်နေသည်ကို လေ့လာတွေ့ရှိသဖြင့် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုဆိုင်ရာ အခြေခံတို့နှင့်ပတ်သက်သည့် အဆင့်တိုင်းတွင် ချို့ယွင်းမှုရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း KNU ဗဟိုဌာနချုပ်၏ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းနှင့် ပတ်သက်သည့် ဇွန် ၂၃ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

    KNU အထွေထွေတွဲဖက် အတွင်းရေးမှူး(၂) ဗဒိုစောလှထွန်း က “ဆက်လက်ဆွေးနွေးရတဲ့ ဆွေးနွေးပွဲဆိုင်ရာ အချက်အ လက်တွေကအစ ပါဝင်ဆွေးနွေးခွင့်ရှိသူတွေကပါ အခက်အခဲတွေ ရှိနေပါတယ်” ဟု ဆိုသည်။

    နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ(MNA)
    ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် ကရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၏ ရလဒ်များကို ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် ဆွေးနွေးတင်ပြနိုင်ခြင်းမရှိခဲ့ကြောင်း ညီလာခံတက်ရောက်သူ ကရင်ကိုယ်စားလှယ်များထံမှ သိရသည်။

    အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကရင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူထုကိုယ်စားလှယ်များ၊ ကရင်မျိုးနွယ်စုခေါင်းဆောင်များနှင့် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၁၆၄ ဦးတက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks