spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရောက်ရွေ့ပြောင်းများအား အိမ်ထောင်စုစာရင်း ၄၀ဝ၀ နီးပါး တရားဝင်ထုတ်ပေးခဲ့

    မွန်ပြည်နယ်ရောက်ရွေ့ပြောင်းများအား အိမ်ထောင်စုစာရင်း ၄၀ဝ၀ နီးပါး တရားဝင်ထုတ်ပေးခဲ့

    -

    အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုစာရင်း ၃၄၀ဝ ကျော် တရားဝင်ထုတ်ပေးခဲ့ရာတွင် လူဦးရေတစ်သောင်းကျော်ရှိကြောင်း မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) မှသိရသည်။

    လဝက ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်း ဦးရှိန်ဝင်း က “ ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စုတွေက ၄ ထောင်နီးပါးလောက်ပဲ ရှိပါတယ်၊ မွန်မှာ ဒီလောက်ထိစီးပွားရေး တိုးတက်နေတာမဟုတ်ဘူးလေ၊ ရွှေ့ပြောင်းလုပ်သားတွေ ဝင်လာတာနည်းတယ်” ဟုပြောသည်။

    အိမ်ထောင်စုစာရင်း(Internet)

    တရားဝင်အိမ်ထောင်စုစာရင်းထုတ်ပေးရာတွင် ၄င်းတို့နေထိုင်လျက်ရှိသည့် သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် လက်ရှိ မွန်ပြည်နယ်တွင် ၆ လမှ သုံးနှစ်အထိ လာရောက်နေထိုင်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားများကို တရားဝင်အိမ်ထောင်စုစာရင်း ထုတ်ပေးထားသည် ဟုဆိုသည်။

    ရေးမြို့နယ်အနောက်ပိုင်းရှိ အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်းနိုင်း က “ ကျနော်တို့ အစင်ကျေးရွာဘက်မှာ ရွှေ့ပြောင်းလုပ်သားဦးရေ ၅၀ဝ နီးပါးရှိမယ်၊ အများစုက ရေလုပ်ငန်းကို လုပ်ကိုင်ကြတယ်” ဟု ပြောသည်။

    ၂၀၁၆ မေလ ၁ ရက်နေ့မှ အောက်တိုဘာလဆန်းပိုင်းအထိ ကောက်ခံရရှိခဲ့သည့် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း (၁၁၉၉၃) တွင်သာမာန်ရွှေ့ပြောင်း ( ၈၆၉၁) စု နှင့် ယာယီရွှေ့ပြောင်း (၃၃၀၂) စု ရှိကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

    NLD အစိုးရသစ်တက်လာသည်နှင့် မွန်ပြည်နယ်အစိုးရ၏ ရက် ၁၀ဝ စီမံကိန်းတွင် သစ္စာစီမံချက်ဖြင့် ရွှေ့ပြောင်းလုပ်သားများအတွက် အိမ်ထောင်စုစာရင်း ထုတ်ပေး သည့် စီမံချက်ပါဝင်၌ (၆) လနှင့် (၈) လအထက် နေထိုင်သူများကို ယာယီအိမ်ထောင်စုစာရင်းနှင့် (၅) နှစ်အထက် နေထိုင်သူများကို နေရပ်ရင်းမှအထောက်အထားမလိုအပ်ဘဲ အိမ်ထောင်စုစာရင်း ပြုလုပ်ခဲ့သည်ကို တွေ့ရှိသည်။

    အဆိုပါအိမ်ထောင်စုစာရင်းပြုလုပ်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသောပြည်သူတို့၏ဘဝကို အကြီးအကျယ်ခြိမ်းခြောက်လာသောကြောင့် အဆိုပါသစ္စာစီမံချက်အား ပြန်လည်သုံးသပ်ပေးရန် မွန်အသင်းအဖွဲ့များက မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း တောင်းဆိုစာ ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

    ၂၀၁၄ သန်းခေါင်စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်လူဦးရေစုစုပေါင်း ၂၀ သိန်းကျော်(၂,ဝ၅၄,၃၉၃) ဦးရှိသည့်အနက် တရားဝင်/တရားမဝင် ပြည်ပရောက်ရှိနေသူ ၄ သိန်း ၂ သောင်းကျော်(၄၂၆,၅၈၆) ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းပေးသွင်းထားသူ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၃ သိန်း ၄ သောင်းကျော်(၃၄၂,၁၈၉ ဦး) ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks