spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းကရင်တွင်တည်ဆောက်မည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါက်အားစီမံကိန်းကို အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

    ကရင်တွင်တည်ဆောက်မည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါက်အားစီမံကိန်းကို အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

    -

    ကရင်ပြည်နယ်တွင် TTCL ကုမ္ပဏီမှ USC နည်းပညာဖြင့် ၁၂၀ဝ မဂ္ဂါဝပ်ကျော်ထုတ်လုပ်မည့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံစီမံကိန်းအား အရပ်ဘက်အဖွဲ့အစည်း ၁၄၇ ဖွဲ့က ဇွန်လ ၂၁ ရက်နေ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

    ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်နေစဉ် ခိုင်မာသည့် ငြိမ်းချမ်းရေး မရခင်ကာလအတွင်း အဆိုပါစီမံကိန်း လုပ်ဆောင်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးမားစွာ ထိခိုက်နိုင်မည်ဖြစ်ပြီး ကျောက်မီးသွေး လောင်စာ သုံးစွမ်းအင်ကို နိုင်ငံတကာတွင် လျော့ချနေသည့်စွမ်းအင်ဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု မြစ်ချောင်းထိမ်းသိန်းရေးကွန်ယက်မှ စောသာဘိုးက ဆိုသည်။

    စောသာဘိုး က “Coal က သဘာဝပတ်ဝန်းကျင်းကို အများကြီးကို ထိခိုက်စေတယ်။ နိုင်ငံတကာမှာလည်း Coal ကို လျော့ချနေတာရှိတယ်။ နိုင်ငံကို ဖွံဖြိုးတိုးတက်စေချင်တယ်ဆိုပြီ သူများတွေလျော့ချနေတဲ့ ကျောက်မီးသွေး Coal ကနေ မလုပ်စေချင်ဘူး” ဟု ဆိုသည်။

    ကျောက်မီးသွေး၏ ဆိုးကျိုးနှင့် ကောင်းကျိုးများကို ပြည်သူများနာလည်သဘောစေရန်အတွက် ချပြသွားရန်စီစဉ်ထာရှိပြီး ကျွမ်းကျင်ပညာရှင်များအားဖိတ်ခေါ်၍ ပြည်သူများပိုမိုသိရှိနားလည်စေရန်အတွက် ဆက်လက်ရှင်းလင်းသွားမည်ဟု စောသာဘိုးက ဆက်ပြောသည်။

    အဆိုပါစီမံကိန်းအား ကန့်ကွက်မှုရှိနေသော်လည်း ဖြစ်မြောက်အောင်ကြိုးစားလုပ်ဆောင်သွားမည်ဟု ဇွန်လ ၂၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘာအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်ခဲ့သည့် TTCL Pubic Company Limited မှ (USC) နည်းပညာဖြင့် တည်ဆောက်မည့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက် ရုံစီမံ ကိန်းအတွက် ပတ်ဝန်းကျင်သက်ရောက်မှုဆိုင်ရာ (EIA) ဆန်းစစ်လေ့လာခြင်းလုပ်ငန်းစဉ်းအား ဒေသခံပြည် သူများနှင့် ပူးပေါင်းဆောင်ပါဝင်ဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်းထွေးမြင့် က မိန့်ခွန်းပြော ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်မတို့ပြည်နယ်အတွက် ကြိုးစားဆောင်ရွက်ပေးနေတာဆိုတာ ကျေးရွာသူ၊ ကျေးရွာသားတွေ နားလည်ပေး ပါ။ ဒီစက်ရုံက ထွက်လာမယ့်ပြာတွေကို ဘိလပ်မြေအဖြစ်သုံးရင် ပိုကောင်းတဲ့ ဘိလပ်မြေရမယ်ဆိုတာ ကျွန်မ အကြမ်းဖျင်းသိထားပါတယ်။ အားလုံးဝိုင်းဝန်းပေးကြပါ။ ကျွန်မတို့ပြည်နယ်အတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်းထွေးမြင့် ဆက်လက်ပြောကြားခဲ့သည်။

    ထို့အပြင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့် လျှပ်စစ်မီးရရှိရန် ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှာဖြစ်ပြီး ဆိုးကျိုးဖြစ်လာပါက ပြည်သူက ပေးသည့် ပြစ်ဒဏ်ခံယူဖို့ အသင့်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

    အဆိုပါ မဂ္ဂါဝပ် ၁၂၈၀ အထိ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂၀၁၈ နှစ်ဆန်းခန့်တွင် စတင် တည်ဆောက်ခွင့်ရရန် ကုမ္ပဏီမှလျာထားရှိပြီ စက်ရုံစီမံကိန်းအတွက် အသုံးပြုမည့် မြေဧရိယာ ဧကတစ်ထောင် ခန့်ကို ဘာအံမြို့နယ်အတွင်းရှိ ဝတ်ကြီးရွာတွင် လျားထားသည်ဟု သိရသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင် ၁၂၈၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရနှင့် Toyo-thai ကုမ္မဏီတို့ MOA လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း ဒေသခံများကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks