Homeသတင်းအနင်းကျေးရွာပတ်ဝန်းကျင်လျှပ်စစ်စီမံကိန်း ဒေသခံများကန့်ကွက်မည်

အနင်းကျေးရွာပတ်ဝန်းကျင်လျှပ်စစ်စီမံကိန်း ဒေသခံများကန့်ကွက်မည်

-

မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ် စပ်ကြားရှိ သပြေရွာသစ်နှင့် အနင်းကျေးရွာပတ်ဝန်းကျင်တွင် တည်ဆောက်ရန် စီစဉ်နေသည့် ၅၆၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်ကို နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာ အစိုးရဝန်ကြီး ဌာနများထံသို့ ကန့်ကွက်လက်မှတ်များ ပေးပို့ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို Bedok Construction and Engineering Co, Ltd မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ပွင့်လင်းမြင်သာစွာ ဒေသခံများအား ရှင်းပြမှုမရှိခြင်း၊ ဒေသခံများအတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း ဟူ သော အချက်နှစ်ချက်ကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

အနင်းကျေးရွာပတ်ဝန်းကျင်ရှိ လယ်မြေများ(MNA)
“ကျွန်တော်တို့ သေဒမှာဆိုလို့ရှိရင် ကုမ္ပဏီဘက်က ရှင်းရှင်းလင်းလင်း လာပြီးရှင်းပြပေးထားတာ မရှိသေးဘူး၊ ဒေသခံတွေကလည်း အဲဒီကုမ္ပဏီတွေအပေါ် ယုံကြည်မှုမရှိဘူး၊ ကော့ဒွန်း ကော့ပနော့ ဒေသဘက်ကဆိုရင် စစခြင်းမှာ ဘာမှပြောမထားပေမယ့် နောက်ပိုင်းကျောက်မီးသွေးဓာတ်အားကိုပဲ သုံးလာကြတာလေ၊ ဒါကြောင့် ကုမ္ပဏီဆိုရင် ကျွန်တော်တို့ အယုံအကြည်မရှိဘူး” ဟု ကန့်ကွက်စာတင်ရန်လှုပ်ရှားသူ နိုင်ဗညားက ပြောသည်။

ယခုအခါ သပြေရွာသစ်ဘက်၌ ကန့်ကွက်လက်မှတ်များလိုက်လံကောက်ခံလျှက်ရှိပြီး အနင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများတွင် ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ Bedok Construction and Engineering Co, Ltd ကုမ္ပဏီသည် လွန်ခဲ့သည့်နှစ်က စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည်ဟူသော အကြောင်းပြချက်ဖြင့် ယင်းဒေသတဝိုက်ရှိ လယ်ယာမြေများကို လိုက်လံဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စက်ရုံတည်ဆောက်မည်ဟု ဆိုလာခဲ့ခြင်းဖြစ်သည်ဟု သပြေရွာသစ်ကျောင်းဆရာတော်က မိန့်ကြားခဲ့သည်။

ဒေသခံဖြစ်သူ နိုင်ဝင်မွန်က “ဒီမိုကရေစီ အစိုးရစစ်စစ်ဆိုရင် ပြည်သူတွေရဲ့အသံကို နားထောင်သင့် တယ်၊ ဒေသခံတွေ သဘောမတူရင် မလုပ်သင့်ဘူး၊ ပြီးတော့ ကျွန်တော်တို့က ကိုယ့်ဒေသရဲ့သဘာဝပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ချင်တဲ့အတွက် အစိုးရကို ပြည်သူတွေရဲ့ အသံနားထောင်ဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ယခုအခါ ဒေသခံရွာသားဖြစ်သူတချို့သည် ကုမ္မဏီ၏ကိုယ်စားလှယ်အဖြစ် ပင်လယ်ကမ်းခြေအနီးတဝိုက်ရှိ လယ်မြေများကို လိုက်လံဝယ်ယူလျှက်ရှိသည့်အတွက် အဆိုပါသပြေရွာသစ်နှင့် အနင်းရွာဒေသပတ်ဝန်းကျင်ရှိ လယ်မြေဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း သိရသည်။

အနင်းရွာအနီးတဝိုက်တွင် စက်ရုံတည်ဆောက်မည့် Bedok Construction & Engineering Co, Ltd ကုမ္ပဏီနှင့် မွန်ပြည်နယ်အစိုးအဖွဲ့တို့သည် ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အောင်ဆန်းခန်းမတွင် နှစ်ဖက်နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးထားခဲ့ကြောင်းသိရသည်။

ထို့အတူ မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်အတွင်း Bedok Construction & Engineering Co; Ltd နှင့် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် SEGEP တို့၏ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးစီမံကိန်းများအား မွန်ပြည်နယ်လွှတ်တော်က မတ်လ ၂၄ ရက်နေ့တွင် သဘောတူကြောင်း အတည်ပြုခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts