spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားမှု သေဆုံးသူမရှိသေး

    မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားမှု သေဆုံးသူမရှိသေး

    -

    မွန်ပြည်နယ်အတွင်း ယခုအခါ သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားမှု တဖြည်းဖြည်းများပြားလာသော်လည်း ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုမရှိသေးဘူးဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

    “အခုချိန်ထိ ဆေးရုံ ဆေးခန်းတွေရဲ့စာရင်းတွေအရ သေဆုံးသူမရှိသေးပါဘူး၊ ကာကွယ်မှုလုပ်ငန်းတွေ ဆက်တိုက်လုပ်နေတယ်၊ ဒီအချိန်က သွေးလွန်တုပ်ကွေးဖြစ်တတ်တဲ့အချိန်ဆိုတော့ ဖြစ်လာသူတွေ ပိုများလာတယ်” ဟု ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာဉာဏ်ဆင့်က ပြောသည်။

    မြို့နယ် ၁၀ မြို့နယ်တွင် ဇန်နဝါရီလမှ ဇွန်လ ၁၇ ရက်နေ့ထိ သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားသူ ၆၉၅ ဦးရှိရာ မော်လမြိုင်မြို့နယ်တွင် အများဆုံးဖြစ်ပြီး ရောဂါကူးစက်သူ ၂၀၁ ဦး၊ ဒုတိယအများဆုံးဖြစ်သည့် ချောင်းဆုံမြို့နယ်တွင် ၁၂၅ ဦးနှင့် တတိယအများဆုံး မုဒုံမြို့နယ်တွင် ၁၁၀ ဦး ကူးစက်ဖြစ်ပွားဟု ၄င်းက ဆက်ပြောသည်။

    သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် အဖြစ်များတက်သည့်သဘောသဘာဝရှိပြီး မွန်ပြည်နယ်တွင် ရောဂါအဖြစ်များခဲ့သည့်နှစ်ကို ကြည့်ချင်းအားဖြင့် ယခုနှစ်သည်လည်း ရောဂါအဖြစ်များသည့် အလားလာရှိခြင်းဖြစ်သည်။

    သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က အသက် ၁၅ နှစ်အောက်ကလေးတို့တွင်သာ ဖြစ်ပွားတက်ကြသော်လည်း ယခုနောက်ပိုင်းတွင် ကလေးရော လူကြီးပါ ရာသီမရွေး တစ်နှစ်ပတ်လုံးကူးစက်ဖြစ်ပွားနေသည်ဟု မုဒုံမြို့ပေါ်တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

    မိုးတွင်းကာလတွင်ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ပြည်နယ် ကျန်းမာရေးဌာအနေဖြင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ မြို့နယ်ကျန်းမာရေးဌာတို့နှင့် ပူးပေါင်းပြီး အပတ်စဉ် ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ဆေးခပ်ခြင်းလုပ်ငန်းတို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။

    မွန်ပြည်နယ်တွင် ၂၀ဝ၁ ခုနှစ်၊ ၂၀ဝ၇ ခုနှစ်၊ ၂၀၁၀ ခုနှစ် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသည် ကလေးများလည်းရှိသည်ဟု ပြည်နယ်ငှက်ဖျာရောဂါတိုက်ဖျက်ရေး ဌာနက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks