spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းဆောက်လုပ်ရေးနှင့် စည်ပင်ဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်အား ပြည်နယ်လွှတ်တော်အတည်ပြု

    ဆောက်လုပ်ရေးနှင့် စည်ပင်ဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်အား ပြည်နယ်လွှတ်တော်အတည်ပြု

    -

    လစ်လပ်နေသော မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် စည်ပင်ဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်အား ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး၌ အတည်ပြုလိုက်သည်ကို တွေ့ရှိရသည်။

    ဦးမင်းကျော်လွင် က “ လွှတ်တော်ကိုယ်စားလှယ်တွေ ဥပဒေပြုတဲ့နေရာမှာ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော သေချာဖတ်ဖို့ လိုပါတယ်၊ ဝန်ထမ်းတစ်ခုတည်းမဟုတ်ပါဘူး၊ နိုင်ငံသားအားလုံးရဲ့ ခံစားခွင့်ကို ဖော်ပြထားပြီးဖြစ်တဲ့အတွက် လွှတ်တော်က သုံးသပ်ပြီးမှ ဆုံးဖြတ်တယ်လို့ ခံယူပါတယ်” ဟုပြောသည်။

    ဆောက်လုပ်ရေးနှင့် စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်(MNA)

    မွန်ပြည်နယ်ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးအဖြစ် အတည်ပြုခံရသည့် ဦးမင်းကျော်လွင်သည် မွန်အမျိုးသားတစ်ဖြစ်ပြီး B.E အင်ဂျင်နီယာ (မြို့ပြ) ဘွဲ့ရရှိထားသူဖြစ်ပြီး ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ ဇာတိဖြစ်သည်။

    ၁၉၈၄ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ ဘီအီး (မြို့ပြ) အင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာ (တည်ဆောက်ရေး)၊ အာဆီယံလုပ်ပိုင်ခွင့်ပရော်ဖက်ရှင်နယ်မြို့ပြ အင်ဂျင်နီယာ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဝင် နှင့် အကြီးတန်းလိုင်စင် အင်ဂျင်နီယာ (မြို့တော်စည်ပင်) တို့၌ အသက်မွေးဝမ်ကျောင်းပညာရပ်များဖြင့် ကျွမ်းကျင်ခဲ့ကြောင်း ၄င်း၏ ကိုယ်ရေးအကျဉ်း၌ ဖော်ပြထားသည်။

    အလားတူ ၂၀၁၄ ခုနှစ် မေလ မှ ယနေ့ချိန်အထိ အတိုင်ပင်ခံကြီးကြပ်အင်ဂျင်နီယာ (ကြိုတင်အားဖြည့်ကြိုးဆွဲအထပ်မြင့်ဆ/ ဦးများတည်ဆောက်ရေး)၊ ဒါရိုက်တာ (ဆ/ဦး/လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်း) ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် NLD ပါတီဝင်အဖြစ် ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်မှတစ်ဆင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ဦးထွန်းမင်းအောင်က အခြေခံဥပဒေ အခန်း ၄ ပုဒ်မ (၁၂၀) (ဂ) အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှေက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊ ချွင်းချက် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်ဟု ဖော်ပြထားပြီး ယခုစည်ပင်ဝန်ကြီးအဖြစ်ခန့် အပ်မည့် ဦးမင်းကျော်လွင်သည် မြန်မာနိုင်ငံတွင်အခြေချနေထိုင်သည့် ၁၀ နှစ်မပြည့်သေးကြောင်း ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ၄င်းအဆိုအထမမြောက်ခဲ့ပေ။

    မွန်ပြည်နယ်ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်သည် ၇ နှစ်သက်တမ်းနီးပါးရှိ မွန်ပြည်နုယ်အစိုးရအဖွဲ့ဝန်ကြီးနေရာတွင် ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ အရပ်သားတစ်ဦးအား ပထမဦးဆုံး ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts