Homeသတင်းUNFC နှင့် NCA လက်မှတ်ထိုးရန် နှစ်ဖက်စလုံးအလျှော့အတင်းရှိမှ ဖြစ်မည်

UNFC နှင့် NCA လက်မှတ်ထိုးရန် နှစ်ဖက်စလုံးအလျှော့အတင်းရှိမှ ဖြစ်မည်

-

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကျင်းပပြီးနောက် ညီညွတ် သော တိုင်းရင်းသားလူမျိုးများဖက်ရယ်ကောင်စီ(UNFC)နှင့် မူအားဖြင့် သဘောတူညီရန် ညှိနှိုင်းနေသည့် အချက် ၉ချက်နှင့် ပတ်သက်ပြီး နှစ်ဖက်လုံးအလျှော့အတင်းပြုလုပ်ရမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ(UPDJC)အဖွဲ့ဝင်ဦးဇော်ဌေးက မေလ ၂၇ ရက်က ပြုလုပ်သည့် ပင်လုံဒုတိယအစည်းအ ဝေးစတုတ္ထနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“နှစ်ဖက်လုံးက ကိုယ်လိုချင်တာ ရာနှုန်းပြည့်တော့ မရနိုင်ဘူး။နှစ်ဦးနှစ်ဖက်အလျော့အတင်းရှိရမယ်။ ဒါမှ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားလို့ရမယ်။ သူတို့တောင်းဆိုချက် ၉ ချက်အပေါ်မှာ ဆက်လက် ညှိနှိုင်းသွားမယ်” ဟု ၄င်း ပြောသည်။

UPDJC သတင်းစာရှင်းလင်းပွဲ(MNA)

ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN) အဖွဲ့တို့ အကြား အပစ်ရပ်လက်မှတ်ရေးထိုးပြီးသည့်နောက်ပိုင်း သဘောတူညီချက်များ မကျိုးပေါက်စေရေးနှင့် ပိုပြီးခိုင် မာမှုရှိစေရန် နှစ်ဖက်သဘောတူလက်ခံထားပြီး ဖြစ်သော်လည်း အကောင်အထည်ဖော်မည့်နည်းလမ်းအပေါ် နှစ်ဖက်သဘောထားကွဲလွဲနေခြင်းဖြစ်နေသည်။

UPDJC သတင်းစာရှင်းလင်းပွဲ(May Htwal)

UNFC ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးအဖွဲ့ DPN အဖွဲ့ဝင် ဒေါက်တာနိုင်ရွှေသိန်းက “ကျနော်တို့ တောင်းဆိုချက် ၉ ချက်ကိုလည်း ပြန်လည်သုံးသပ်ထားပါပြီ။အချို့အချက်တွေ လျှော့ထားတာလည်းရှိပါတယ်။ ဥပမာ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ဆိုတာမျိုးတွေလည်း ပါတယ်” ဟု ပြောသည်။

UNFC တောင်းဆိုထားသည့် ချက် ၉ ချက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း နှစ်ဖက်ကြေ ညာရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ(အစိုးရ၊ လွှတ်တော်၊ တပ်မတော်)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများသုံးပွင့်ဆိုင်ဖြစ်ရေး၊ အပစ်ရပ်စောင့်ကြည့်ရေးတွင် နိုင်ငံတကာအသိသက်သေ များပါဝင်ရေးစသည့်အချက်များပါဝင်သည်ဟု သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အဆုံးအ ဖြတ်ရယူမည့် NCA စာချုပ်ပါ နိုင်ငံရေးဆွေးနွေးပွဲကဏ္ဍမှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအချို့ ကျင်းပခဲ့ ပြီး ဖြစ် သည်။အဆိုပါ ဆွေးနွေးပွဲရလဒ်များကို ကဏ္ဍအလိုက်လုပ်ငန်းကော်မတီများမှ တဆင့် အတွင်းရေးမှူးအဖွဲ့၊ထိုမှ တဆင့် UPDJC က ပြန်လည်စိစစ်ပြီး ဆွေးနွေးစေလိုသည့်အချက်များကို ယခု ပင်လုံဒုတိယအစည်းအဝေးတွင် ကဏ္ဍအလိုက်နှင့် အစုအဖွဲ့အလိုက်ဆွေးနွေးနေကြခြင်းဖြစ်သည်။

ယခုကျင်းပဆဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစု ပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်စသည့်ကဏ္ဍကြီးငါးခု ကဏ္ဍအလိုက်၊အစုအဖွဲ့အလိုက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ်မှာ တစ်စိတ်တစ်ပိုင်းအတည်ပြုချုပ်နိုင်ရန် လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts