spot_img
Sunday, December 21, 2025
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်မြို့ဝင်ကြေးများကို ဇွန်လတွင် စတင်ကောက်ခံမည်

    မွန်ပြည်နယ်မြို့ဝင်ကြေးများကို ဇွန်လတွင် စတင်ကောက်ခံမည်

    -

    မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေး ဘီးခွန်ခများကို စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လအတွင်း စတင်ကောက်ခံသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ချောင်းဆုံမြို့နယ် မြို့ဝင်ကြေး ဘီးခွန်ကောက်ခံခြင်းကို ပုဂ္ဂလိကသို့ လေလံပေးထားပြီးဖြစ်သည့်အတွက် ကောက်ခံမည်မဟုတ်ဘဲ ကျန် ၉ မြို့နယ်တို့တွင် စည်ပင်မှ ကောက်ခံသွားမည်ဖြစ်သည်။

    ပေါင်မြို့နယ် ဘီးခွန်ကောက်ခံသည့်နေရာ(Facebook)
    “ချောင်းဆုံမြို့နယ်မှလွဲပြီး မြို့နယ်တိုင်း မြို့နယ်တိုင်းကို မြို့ဝင်ကြေး ဘီးခွန်ခကောက်ခံမယ်၊ စည်ပင်က ဦးဆောင်ပြီး ကောက်မယ်၊ လမ်းနဲ့ပတ်သက်ရင် ကုမ္ပဏီတွေက ကောက်မယ်၊ ဇွန်လလောက် ကောက်သွားမယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    သို့ရာတွင် မော်တော်ယာဉ်တစ်မျိုးတည်းကိုသာ မြို့ဝင်ကြေး ဘီးခွန်ကောက်ခံသွားမည်ဖြစ်သော်လည်း မော်တော်ဆိုင်ကယ်များအား ကောက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

    မြို့ဝင်ကြေး ဘီးခွန်ကောက်ခံခြင်းကို ယခင်နှစ်များက လေလံစနစ်ဖြင့် ရွှေသံလွင်ကုမ္ပဏီက လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကောက်ခံသွားမည်ဖြစ်သည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    “ကျနော်တို့က အဆင်သင့်လုပ်ထားပြီးသား ပြည်နယ်အစိုးရကနေ ညွှန်ကြားချက်ရောက်တာနဲ့ ကောက်ဖို့ လုပ်သွားမယ်၊ ကျနော်တို့မှာ ကိုယ့်ဝန်ထမ်းနဲ့ကိုယ် စီစဉ်ထားပြီးသားပါ” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

    မြို့ဝင်ကြေး ဘီးခွန်ကောက်ခံရန်အတွက် တစ်မြို့နယ်လျှင် ဝန်ထမ်း ၁၅ ဦးခန့် ခန့်အပ်အသုံးပြုသွားရန် စီစဉ်ထားပြီး မြို့ဝင်ကြေး ဘီးခွန်များကိုလည်း ယာဉ်ကြီးတစ်စီးလျှင် ၅၀ဝ ကျပ်၊ ယာဉ်လတ်တစ်စီးလျှင် ၃၀ဝ ကျပ်နှင့် ယာဉ်ငယ်တစ်စီးလျှင် ၂၀ဝ ကျပ်နှုန်းဖြင့် ကောက်ခံရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။

    ၂၀၁၆ ခုနှစ်က မွန်ပြည်နယ်တွင် မြို့ဝင်ကြေး အခွန်ငွေ ကျပ်သန်း ၄၂၄ ဒသမ ၇၀၇၉ ကျော်ရရှိခဲ့သည်ဟု ပြည်နယ်စည်ပင်သာယာရေးရုံးရှိစာရင်းအရ သိရသည်။

    မြို့ဝင်ဘီးခွန်များကို ပြည်နယ်တိုင်းဒေသအချို့တွင် ကောက်ခံမှုများရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း လုံးဝကောက်ခံခြင်းမရှိဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts