Homeသတင်းNCA လမ်းကြောင်းကို ကရင်နီ KNPP နှင့် မွန် NMSP တို့ လက်ခံဟုပြော

NCA လမ်းကြောင်းကို ကရင်နီ KNPP နှင့် မွန် NMSP တို့ လက်ခံဟုပြော

-

ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လမ်းကြောင်းကို လက်ခံသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

KNPP နှင့် NMSP သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ကို NCA လက်မှတ် ရေးထိုးနိုင်ရန်အတွက် အစိုးရသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာပေးရန် အချက် အပါအဝင် အချက် ၉ ချက်ကို အဆိုပြု တင်ပြ ဆွေးနွေးလျက်ရှိပြီး အစိုးရနှင့် တပ်မတော်ဘက်က လက်ခံပါက လက်မှတ်ရေးထိုးသွားမည်ဟု ဆိုထားသည်။

အစိုးရနှင့်တွေ့ဆုံဆွေးနွေးနေသည့် NMSP,KNPP ကိုယ်စားလှယ်(Internet)

“ကျွန်တော်တို့ NCA ကို လက်ခံတယ်။ NCA လမ်းကြောင်းအတိုင်းပဲ သွားမှာပါ။ အခု တခြား အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းနေပါတယ်။NCA ကို သွားတဲ့ အခါမှာ တစ်ဖွဲ့တည်းအနေနဲ့ မသွားပါဘူး။ UNFC ကနေပဲ တစ်စုတစ်စည်း တည်းသွားမှာပါ”ဟု NMSP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

UNFC တွင် NMSP၊ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရခိုင်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုက ရက်တစ် အစည်းအရုံး LDU တို့ ကျန်ရှိနေပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA နှင့် “ဝ” အမျိုးသား အဖွဲ့အစည်း WNO တို့ကမူ UNFC မှ နှုတ်ထွက်ကြမည်ဖြစ်သည်။

“ ကျွန်တော်တို့ ညှိနှိုင်းနိုင်တဲ့အချက် အတိုင်းအတာ ပမာဏကို ခဏထားပြီးတော့ NCA လမ်းကြောင်းအတိုင်းသွားဖို့ နှစ်ဘက်က သဘောတူတယ် ဆိုတဲ့ဟာကို ပြေလည်အောင် ညှိနှိုင်းရမယ်ခင်ဗျ။ ကျွန်တော်တို့ KNPP အနေနဲ့ NCA ကို လက်ခံတယ်။ ဒီ လမ်းကြောင်းအတိုင်းပဲသွားမှာပါ”ဟု KNPP မှ အတွင်းရေးမှူး-၂ ဦးရွှေမျိုးသန့်က ပြောသည်။

KNPP နှင့် NMSP ဦးဆောင်သော UNFC အစည်းအဝေးကို မေ ၁၄ ရက်နှင့် ၁၈ ရက်ကြားတွင် ထိုင်းနိုင်ငံ၊ချင်းမိုင် မြို၌ ကျင်းပပြီး NCA လက်မှတ်ရေးထိုးနိုင်ရေး နည်းလမ်းရှာဖွေကြမည် ဖြစ်ကြောင်း၊ NCA လက်မှတ်မရေးထိုးနိုင်သေးခင် အစိုးရနှင့် UNFC အကြား အပြန်အလှန်ကတိကဝတ်ပြုချက် (Deed of Commitment-DoC) ကို ရေးထိုးနိုင်ရေး ညှိနှိုင်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

သို့ရာတွင် UWSA ဝပြည်သွေးစည်းညီညွတ်ရေးခေါင်းဆောင်သော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် NCA ပြင်ပလမ်းကြောင်းမှ အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts