Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးဇုန်ဝင်ကြေး ၆ လခန့်အတွင်း ကျပ်သိန်းပေါင်း ၅၀ဝ၀ ခန့်ရရှိ

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးဇုန်ဝင်ကြေး ၆ လခန့်အတွင်း ကျပ်သိန်းပေါင်း ၅၀ဝ၀ ခန့်ရရှိ

-

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ၆ လခန့်အတွင်း နိုင်ငံခြားဧည့်သည်တော်ထံမှ ဇုန်ဝင်ကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၅၀ဝ၀ ခန့်ရရှိသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးရှေးဟောင်းယဉ်ကျေးမှုဇုန်သို ့နိုင်ငံခြားဧည့်သည်တော်များကို ဇုန်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၆၀ဝ၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ထိ နိုင်ငံခြားဧည့်သည် ၈၂၉၅၃ ဦး ဝင်ရောက်ခဲ့ပြီး ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ၄၉၇,၇၁၈,ဝ၀ဝ ကျပ် ရရှိသည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

ကျိုက်ထီးရိုးစေတီတော်(Internet)

“ဒီနှစ် နိုင်ငံခြားဘုရားဖူးတွေ များလာလို့ ဇုန်ဝင်ကြေးကောက်ခံရရှိမှုက မနှစ်ကထက်ပိုများတယ်၊ ယဉ်ကျေးမှုဇုန်ကို လာရောက်တဲ့ နိုင်ငံခြားသားခရီးသွားတစ်ယောက်ကို ဇုန်ဝင်ကြေး ၆၀ဝ၀ နှုန်း ကောက်တယ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီစဉ်နဲ့ ဇုန်ဝင်ကြေးကို ကောက်ခံတယ်” ဟု ကျိုက်ထီးရိုးဂေါပကရုံးအဖွဲ့မှူး ဦးစိုးလှက ပြောသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန် နိုင်ငံခြားခရီးသွား ဝင်ကြေးကို ယခင်က ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကောက်ခံလာခဲ့ပြီး၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စကာ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်း ပေးခဲ့ပြီးနောက် ဇုန်ဝင်ကြေးကို စည်ပင်သာယာရေးကော်မတီတို့မှ ကောက်ခံခဲ့သည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံတကာဘုန်းတော်ကြီးများနှင့် စစ်သံရုံး ဝန်ထမ်းများကိုသာ ဇုန်ဝင်ကြေး ကင်းလွတ်ခွင့် ပြုထားပြီး အခြားမည်သူမဆို ယဉ်ကျေးမှုဇုန်သို့ လာရောက်ပါက ဇုန်ဝင်ကြေး ပေးဆောင်ရသည်။

ကျိုက်ထီးရိုးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ထိုင်းနိုင်ငံသား အများဆုံးလာရောက်လျှက်ရှိပြီး ဗီယက်နမ်၊ တရုတ်၊ ဂျပန် အစရှိသည့် အာရှနိုင်ငံများနှင့် အမေရိကန်၊ ဥရောပနိုင်ငံများက ခရီးသွားများလည်း ပုံမှန် လာရောက်လည်ပတ်လျက်ရှိသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ် နှစ်တိုင်း နိုင်ငံခြားဧည့်သည်တော် ၁ သိန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်ဟု ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရပြီး မွန်ပြည်နယ်ခရီးသွားလာရေးလုပ်ငန်းများအနက် ဝင်ငွေအများဆုံးရရှိသည့်နေရာလည်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts