Friday, April 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး စတင်ကျင်းပ

    မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး စတင်ကျင်းပ

    -

    မြန်မာပြည်တောင်းပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ၂၀၁၇ ခုနှစ် ပထမ ၆ လပတ် ဗဟိုကော်မတီပုံမှန်အစည်းအဝေးကို မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ ပါတီဌာနချုပ်၌ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စတင် ကျင်းပလျက်ရှိသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထော်မွန်က “ဒီကနေ့ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ရှုပ်ထွေးနေတဲ့အချိန်ဖြစ်တယ်။ ဘာလဲဆိုတော့ မြောက်ပိုင်းမှာက တစ်မျိုး၊ ကျွန်တော်တို့ တပ်ပေါင်းစု UNFC က လည်း တစ်မျိုးဖြစ်နေတယ်၊ ပြီးတော့ အစိုးရနှင့် စစ်တပ်ဖက်ကလည်း တစ်ယောက်တစ်မျိုးဆီဆိုတော့ ဒါတွေ ကို အဆင်ပြေအောင် မနည်းညှိနှိုင်းသွားရမည့်အခြေအနေပါ” ဟု ဗဟိုကော်မတီအစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၇(MNA)

    သို့ရာတွင် ၄င်းဖြစ်စဉ်များကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာပြီး မွန်ပြည်သစ်ပါတီအနေဖြင့် မိမိရည်မှန်းချက်တွေ ပေါက်မြောက်အောင် မည်ကဲ့သို့ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ကို ဗဟိုကော်မတီဝင်များမှ ပါဝင်ဆွေးနွေးအကြံပြုကြရန် မွန်ပြည်သစ်ပါတီ ဥက္ကဌက တိုက်တွန်းပြောဆိုလိုက်သည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေအပေါ် မူတည်ပြီး NCA ထိုးရေး၊ မထိုးရေး အပါအဝင် မွန်နိုင်ငံရေးပါတီများ ညီညွတ်ရေးနှင့် ပါတီဆိုင်ရာကိစ္စရပ်များကို ယခုကျင်းပဆဲ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးအဖြေရှာသွားမည်ဟု သိရသည်။

    တစ်ပတ်ခန့် အချိန်ကြာမြင့်မည့် အဆိုပါမွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၃၃ ဦးရှိသည့်အနက် ၂၉ ဦးနှင့် အရန်ဗဟိုကော်မတီဝင် ၄ ဦးပါဝင် တက်ရောက်ဆွေးနွေးလျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks