spot_img
Thursday, March 5, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးချောင်းဆုံတံတားအမည်ပြောင်းလဲပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်စေနိုင်ဟု နိုင်ငံရေးပါတီ ၁၄ ပါတီပြော

    ချောင်းဆုံတံတားအမည်ပြောင်းလဲပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်စေနိုင်ဟု နိုင်ငံရေးပါတီ ၁၄ ပါတီပြော

    -

    သံလွင် (ချောင်းဆုံ) တံတားအမည်ကို ဗိုလ်ချပ်အောင်ဆန်းတံတားဟု ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း တံတားအမည်ပြောင်းလဲမည်ဆိုပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆(ခ)ပါ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ထိခိုက်စေမည်ဟု ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP အပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီက ဧပြီ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “ကျွန်တော့်အနေနဲ့ကတော့ ရုံးချုပ်က မထုတ်ပြန်ခင်ကတည်းက ဒီမွန်ဒေသခံတွေနဲ့ သဘောထားတစ်ခုတည်း ရှိတယ်လို့ ထုတ်ပြန်ခဲ့ဖူးတယ်။ အခု ရုံချုပ်က ထုတ်ပြန်တော့ ပိုလို့တောင် ခိုင်မာတယ်။ ဒီဒေသက မွန်လူမျိုးတွေရဲ့ သဘောဆန္ဒနဲ့ တထပ်တည်းပါပဲ” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းက ပြောသည်။

    နိုင်ငံရေးပါတီ ၁၄ ပါတီထုတ်ပြန်ချက်(Copy)

    အဆိုပါ ထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၂၈)အရ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်က ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကိုသာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ပြည်သူ့လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးဆိုင်ရာ အဆိုတင်သွင်းခွင့်ရှိသော်လည်း ယင်းအဆိုကို ပြည်ထောင်စုအစိုးရက လိုက်နာဆောင်ရွက်ရန် တာဝန်မရှိပါဟုလည်း ပါဝင်သည်။

    မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) သို့ ဆက်သွယ်ထားသည့် သံလွင် (ချောင်းဆုံ) တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန်အဆိုအား ပြည်သူ့လွှတ်တော်က မတ် ၁၄ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    သံလွင် (ချောင်းဆုံ) တံတား ဖွင့်ပွဲနှင့် ပတ်သက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

    အဆိုပါ မွန်ပြည်နယ် သံလွင် (ချောင်းဆုံ) တံတားကို ဧပြီ ၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဆန်းလှမှ တစ်ဦးလျင် နှစ်သောင်းကျပ်ဖြင့် လိုက်ပါရန် မတ်၃၁တွင် ဖိတ်ကြားခဲ့ပြီး ဧပြီ ၄ ရက်နေ့တွင် တံတားဖွင့်ပွဲသို့ သွားရောက်ရန် အစီအစဉ်ဖျက်သိမ်းကြောင်း ကြေငြာခဲ့ပြီး ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပါတီရုံးချုပ်သို့ ဖြေရှင်းချက်ပေးရန် ခေါ်ထားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညဏ်ဝင်းထံမှ သိရသည်။

    အဆိုပါ တံတားအမည်ပေးရေးကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်တွင် သံလွင် (ချောင်းဆုံ) တံတားဟုသာ အမည်ပေးရန်အတွက် မတ်၂ရက်တွင် ဒေသခံပြည်သူ ၃၀ဝ၀ကျော်နှင့် မတ်၁၉တွင် ၂၀ဝ၀ဝကျော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

    အဆိုပါ သံလွင် (ချောင်းဆုံ) တံတား ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက“ကျွန်တော်တော့ သေချာမသိဘူး။ မွန်ပြည်နယ် အစိုးရအဖွဲ့ကိုဖြစ်ဖြစ် ဆောက်လုပ်ရေးဌာနကိုဖြစ်ဖြစ် မေးကြည့်ပါ” ဟု ပြောသည်။

    အထက်ပါထုတ်ပြန်ချက်ကို နိုင်ငံရေးပါတီ ၁၄ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေးပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ နှင့် ပြည်သူ့ဒီမိုကရေစီပါတီ တို့ ပူးပေါင်းကာ ထုတ်ပြန်ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks