spot_img
Thursday, March 5, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးသံလွင် (ချောင်းဆုံ) တံတားဖွင့်လှစ်မည့်ရက် ပြည်နယ်အစိုးရ မသိသေး

    သံလွင် (ချောင်းဆုံ) တံတားဖွင့်လှစ်မည့်ရက် ပြည်နယ်အစိုးရ မသိသေး

    -

    မွန်ပြည်နယ် မော်လမြိုင် နှင့် ချောင်းဆုံမြို့နယ်သို့ ဆက် သွယ်ထားသော သံလွင် (ချောင်းဆုံ) တံတားဖွင့်လှစ် မည့်ရက်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအား ညွှန်ကြားထားမှု မရှိရသေးဟု မွန်ပြည်နယ် စီမံကိန်း ဘဏ္ဍာရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဋ္ဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ သိရသည်။

    “ဒီ ဧပြီ (၉) ရက်မှာ တကယ်ဖွင့်ရင် ဝန်ကြီးချုပ်က ပြောရ မှာပေါ့၊ အခုသူဘာမှ မပြောရသေးဘူး၊ တို့ကိုလည်း ညွှန် ကြားထားတာ ဘာမှမရှိသေးဘူး၊ ကျွန်တော်လည်း ဖေ့ ဘွတ်စာမျက်နှာကနေတစ်ဆင့်ပဲ သိခဲ့ရတယ်” ဟု ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

    သံလွင်တံတား(ချောင်းဆုံ)(MNA)

    သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းသည် ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန၏ အစီအစဉ်ဖြစ်နေသော် လည်း မွန်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဧပြီ (၅) ရက် နေ့အထိ ဖွင့်လှစ်မည့်ရက် တပ်ဆင်မည့်နာမည်အား တရားဝင်ထုတ်ဖော်ပြောကြား လာခြင်း မရှိကြောင်း သိရသည်။

    “ဒီတံတားကို ဖွင့်ရင် ဒါက ပြည်နယ်အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးရမှာ အခုဘာမှလည်း အမိန့် ညွှန်ကြားစာ မလာသေးဘူး၊ လူမှုကွန်ရက်စာ မျက်နှာ ကနေသိတာက ပြည်ထောင်စုကနေတောင် လာမည် ဆိုတော့ ပြည်နယ် အစိုးရက ဒီတံတားဖွင့်ပွဲ အတွက် တာဝန်ယူ လုပ်ပေးရမှာ ဒါကယခုထိ ဘာမှမသိရသေးတော့ ဒီ(၉)ရက်က မဖြစ် နိုင်သေးဘူး လို့ထင်တယ်” ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

    ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ တံတားဖွင့်ပွဲလာရောက်ရန် မတ်လ (၃၁) ရက် က စတင်စီစဉ်နေပြီး ဧပြီ (၄) ရက်နေ့၌ ၄င်းအစီအစဉ် အား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် တွေ့ရှိရသည်။

    သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းသည် ၉၉ ဒဿမ ၅ ရာခိုင်နှုန်း ပြီးမြောက်နေပြီဖြစ်ကြောင်း သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းမှ ဦးမျိုးသက်ထွန်း (လက်ထောက် ညွှန်ကြားရေးမှူး)က ဧပြီ (၄) ရက်နေ့မှာ ပြောထား ကြောင်း ဧပြီ (၅) ရက်နေ့ထုတ် Daily ELEVEN တွင် ဖော်ပြထားသည်။

    အဆိုပါတံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်က ပြည်ထောင်စုဝန်ကြီးအား တိုက်တွန်းထားပြီး ဒေသခံများ၊ မွန်တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများက ကန့်ကွက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks