spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းသောင်ပြင်ကျေးရွာတွင် AMDP ပါတီဆိုင်းဘုတ်ပြန်တင်

    သောင်ပြင်ကျေးရွာတွင် AMDP ပါတီဆိုင်းဘုတ်ပြန်တင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီ AMDP ဗဟိုအလုပ်အမှုဆောင်များဦးဆောင်ပြီး ပါတီရုံးဆိုင်းဘုတ်တင်အခမ်းအနား ဧပြီလ ၅ ရက်နေ့တွင် အသစ်ပြန်တင်ခဲ့ကြောင်း တွေ့ရှိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ပါတီခေါင်းဆောင်များကို အယုံအကြည်မရှိခြင်းနှင့် မွန်နှစ်ပါတီပေါင်းစည်းရေး အတွက် ဖွဲ့စည်းထားသည့် ညှိနှိုင်းရေးအဖွဲ့အား လက်မခံခြင်း သဘောထားကို မကျေနပ်သဖြင့် သောင်ပြင်ကျေးရွာရှိ ပါတီဝင်ပေါင်း ၂၀ဝ တို့က တပြိုင်နက်နှုတ်ထွက်ခဲ့ရာတွင် ပါတီရုံးဆိုင်းဘုတ်ပါ ဖြုတ်ချခဲ့သဖြင့် အသစ်ပြန်လည်စိုက်ထူခြင်းဖြစ်သည်။

    AMDP ပါတီဆိုင်းဘုတ် အသစ်တင်ပွဲ(MNA)

    မွန်ဒေသလုံဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေးအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး က “ဒီနိုင်ငံရေးလမ်းစဉ် ကို ကျနော်တို့ဆက်လျှောက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချထားပြီးသာပါ။ ပြီးတော့ ဒီရွာမှာပါတီကို ပြန်တည် ဆောက်ရမယ်။ သူတို့ချလိုက်တဲ့ဆောင်ပိုဒ်-အလံတွေကို ကျနော်တို့က ပြန်ညှိနှိုင်းပြီးတော့ ဒီနေ့ပြန်တင်တာ ဖြစ်တယ်” ဟု ဆိုသည်။

    အဆိုပါဆိုင်းဘုတ် ပြန်တင်ခြင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဆိုင်းဘုတ်ချခဲ့သည့်အပေါ် ပြန်လည်တုန့် ပြန်ခြင်း မဟုတ်ကြောင်း၊ ပါတီရဲ့ လုပ်ငန်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ဆက်ပြောသည်။

    “ကျွန်တော်တို့ပါတီက မွန်ပါတီညှို့နှိုင်းရေးအဖွဲ့ကို လက်မခံဘူး။ ဆိုတော့ ညှို့နှိုင်းရေးအဖွဲ့ကို လက်မခံရင်တော့ မွန်ပါတီတခုဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်တို့က တပါတီဖြစ်ရေးကို လိုလားတယ်။ ဒါကြောင့်ဒီ ရွာက ပါတီဝင်တွေ ပါတီကနုတ်ထွက်ရခြင်းဖြစ်တယ်” ဟု သောင်ပြင်ကျေးရွာ AMDP ဥက္ကဌနှင့် ပါတီမှနုတ်ထွက်ခဲ့သူ နိုင်မွန်စိုက်က ဆိုသည်။

    သောင်ပြင်ကျေးရွာဇာတိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောက်စာ(ခေါ်) နိုင်အောင်ဘကို မတ်လ ၂၄ ရက်နေ့တွင် ပါတီမှထုတ်ပယ်လိုက်သဖြင့် ကျေးရွာရှိပါတီဝင်အများစု နုတ်ထွက်လိုက်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts