spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးအံဒင်ကျေးရွာအနီး ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးစခန်းစီမံကိန်း ဒေသခံများအားရှင်းပြခြင်းမရှိသေး

    အံဒင်ကျေးရွာအနီး ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးစခန်းစီမံကိန်း ဒေသခံများအားရှင်းပြခြင်းမရှိသေး

    -

    မွန်ပြည်နယ် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု ငါမျှားစခန်းရွာအနီးတွင် ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေး စခန်း Offshore Supply Base စီမံကိန်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဒေသခံများအား ရှင်းလင်းပြောပြထားခြင်းမရှိသေးကြောင်း သိရသည်။

    ၄င်းစီမံကိန်းတွင် မည်ကဲ့သို့သောလုပ်ငန်းများ ပါဝင်လုပ်ဆောင်သွားမည်ကို မွန်သတင်းအေဂျင်စီမှ မေး မြန်းခဲ့သော်လည်း ပြန်လည်ရှင်းလင်းပြောပြခြင်း မရှိပေ။

    လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ကြော်ငြာစာ(copy)

    ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်းအတွက် လယ်ယာမြေဝယ်ယူထားသူ ရန်ကုန်မြို့မှ ဦးဇော်မင်းအောင်ဆိုသူက “အခု ပြည်ထောင်စုအစိုးရဆီကို တင်ဒါတင်ထားတဲ့အဆင့်ပဲရှိသေးတယ် ဘာမှမလုပ်ရသေးဘူး၊ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရသေးဘူး၊ ပြောလို့ရတဲ့အချိန်ကျမှ ပြောပြပေးပါ့မယ်” ဟု မွန်သတင်းအေဂျင်စီသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

    လက်ရှိအချိန်တွင် အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရန် ဝယ်ယူရရှိထားသည့် လယ်ယာမြေ (၁၉) ဧက ကျော်အား လယ်ယာမြေဥပဒေပုဒ်မ – ၃၀ (ခ) အရ တစ်ခြားနည်းလမ်းဖြင့် အသုံးပြုခွင့်ရရှိရေး ရန်ကုန်မြို့နေ ဦးဇော်မင်းအောင် နှင့် ဦးဉာဏ်ဝင်း ဆိုသူနှစ်ဦးတို့က ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနသို့ လျှောက်ထားလျှက်ရှိကြောင်း သိရသည်။

    အံဒင်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင့်ရှောင်က “အဓိက က ဝယ်ထားတဲ့မြေကို အခြားနည်းလမ်းနဲ့ အသုံးပြုခွင့် ကိုရဖို့ ဒီအခြေခံအဆင့်ကနေ လျှောက်လာတယ်ပေါ့၊ အခုအချိန်က လုပ်ဖို့ ချိန်ဆနေတုန်းပါပဲ၊ အဲဒီမြေကွက်နဲ့ လူနေအိမ်နဲ့ဆို ကိုက် (၁၀ဝ) လောက်ပဲကွာမယ်” ဟု ပြောသည်။
    ယခုစီမံကိန်းသည် အစိုးရဘက်မှ ခွင့်ပြုချက်ကျလာမှသာ ထိုစီမံကိန်း၏ တာဝန်ရှိသူတို့က ဒေသခံပြည်သူတို့ အား လုပ်ငန်းဆောင်ရွက်ချက်တို့ကို ရှင်းလင်းပေးမည်ဖြစ်ကြောင်း ၄င်း ကဆက်လက်ပြောသည်။

    လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လိုသူများအနေဖြင့် မတ်လ (၅) ရက် နေ့မှ ဧပြီလ (၅) ရက်နေ့အထိ ရက် (၃၀) အတွင်း အံဒင်ကျေးရွာအုပ်ချုပ်ရေးမှုးရုံးသို့ဖြစ်စေ၊ ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ဖြစ်စေ ကန့်ကွက်လွှာများ တင်သွင်နိုင်ကြောင်း သိရသည်။

    ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက် ဦးစီးမှုး ဦးမင်းထွဋ်က “ဒီစီမံကိန်း ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ ကျွန်တော်တို့မသိထားဘူး၊ အမှန်မှာ သူတို့ဘယ်လိုလုပ်မယ် ဘာကိုလုပ်မှာ လဲ ဆိုတာကို တို့ဌာနကိုလည်း တင်ပြရတယ်၊ ဒါပေမဲ့ အခုအချိန်ထိ သူတို့ဘက်က တင်ပြလာတာမရှိသေးဘူး” ဟု ပြောသည်။

    ယင်းစီမံကိန်းကိစ္စနှင့်ပတ်သက်၍ မတ်လ ၂၃ ရက်နေ့က ဒေသခံသံဃာတော်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ရပ်မိရပ်ဖတို့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်းအား သဘောမတူ ကန့်ကွက်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း အံဒင်ဒေသခံတစ်ဦးမှ ပြောကြားသည်။

    အလားတူ အံဒင်ကျေးရွာအနီး လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ်မည့် ကျောက်မီသွေးသုံးစက်ရုံစီမံကိန်းကို ပြည်ထောင်စုအစိုးရလျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် တိုယိုထိုင်း ကုမ္ပဏီအား လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ် (MoA) ကို ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးသော်လည်း ဒေသခံများလက်မခံကန့်ကွက်သဖြင့် ရပ်တန့်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks