spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်ကြောင်းခွင့်တိုင်

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်ကြောင်းခွင့်တိုင်

    -

    ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် ဘီလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးမင်းမင်းဦးသည် ယခုကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ ပဉ္စမအကြိမ်ပုံမှန် အစည်းအဝေးတွင် ခရီးလွန်နေသဖြင့် အစည်းဝေးသို့ (၅) ရက်တိုင်တိုင် မတက်ရောက်နိုင်ကြောင်း ခွင့်တိုင် ထားသည်ဟု ကိုယ်စားလှယ်စိစစ်ရေးကော်မတီမှ သိရသည်။

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီဥက္ကဌ ဦးချစ်တင်က“ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးမင်းမင်းဦးက သူရန်ကုန်ကို ခရီးလွန်နေလို့ လွှတ်တော်ကို မတက်ရောက်နိ်ုင်ဘူးလို့ တိုင်ကြားပြီး ခွင့်ယူ ထားပါတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး(MNA)

    လွှတ်တော်ကိုယ်စားလှယ်တဦးသည် အကြိမ်ကန့်သတ်မရှိ ခွင့်ယူနိုင်သော်လည်း လွှတ်တော်၏သဘောတူညီမှု ဆုံးဖြတ်ချက်ကို ရယူရသည်ဟု ပြည်နယ်လွှတ်တော်ဒုက္ကဌ ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

    ဒေါက်တာအောင်နိုင်ဦးက “ယခုလွှတ်တော်ကို ဦးမင်းမင်းက ခွင့်တိုင်ထားပါတယ်။ ခွင့်မတိုင်ပဲနဲ့ စည်းဝေးမ တက်ဖြစ်ဘူး (၁၅) ရက်ဆက်တိုက် ပျက်ကွက်မယ်ဆိုရင် အဲဒါလွှတ်တော်ကိုယ်စားလှယ်အရည်အချင်း မပြည့် မှီဘူးလို့ သတ်မှတ်ခံရမယ်” ဟု ဆိုသည်။

    ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပါ နုတ်ထွက်ရန် တင်ပြထားသော်လည်း ထိုတင်ပြစာသည် လမ်းကြောင်းလွဲနေသည့်အတွက် အတည်မဖြစ်ကြောင်း၊ လွှတ်တော်ကိုယ် စားလှယ်အနေဖြင့် ဆက်လက်တာဝန်ထမ်းဆောင်မည်ဟု ထပ်မံတင်ပြထားခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေသေးသည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ရှင်းပြသည်။

    ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမင်းမင်းဦးသည် ပြည်နယ်ဝန်ကြီးချုပ်ရာထူး တာဝန်ဝန်ထမ်းဆောင် စဉ် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) အောက်တိုဘာ (၅) ရက်နေ့တွင် ကမ္ဘာ့ဆရာများနေ့သို့ တက် ရောက်ရန်အတွက်ခွင့်တိုင်ကြားခဲ့ရာ အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် ခွင့်တိုင်ကြားစာနှင့် ကွဲလွဲမှုကြောင့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၏ ကန့်ကွက်ခြင်းခံခဲ့ရသည်။

    ဦးမင်းမင်းဦးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဘီးလင်းမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြင့် ရွေးခံရပြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင် စဉ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ နှုတ်ထွက်ခွင့်တောင်းခံခဲ့ပြီး နိုင်ငံတော်သမ္မတမှ ဖေဖော် ဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် နှုတ်ထွက်ခွင့်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks