Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးတစ်နှစ်အတွင်း ရေးမြို့နယ်တစ်ခုလုံး မီးလင်းရမည်ဟု မွန်ဝန်ကြီးချုပ်ကတိပေး

တစ်နှစ်အတွင်း ရေးမြို့နယ်တစ်ခုလုံး မီးလင်းရမည်ဟု မွန်ဝန်ကြီးချုပ်ကတိပေး

-

မွန်ပြည် ၁၀ မြို့နယ်တွင် အစိုးရလျှပ်စစ်မီးမရရှိသည့်ရေးမြို့နယ်၌ တစ်နှစ်အတွင်း မြို့နယ်တစ်ခုလုံးရှိ ကျေးရွာတိုင်း လျပ်စစ်မီးရရှိစေရမည်ဟု မတ်လ ၂၂ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးခန်းမ၌ သတင်းမီဒီယာများအား မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “နောက်နှစ်ဒီအချိန်ဆိုရင် ရေးမြို့တစ်ခုလုံး ရွာတိုင်းမီးလင်းရမယ်။ မလင်းတဲ့ရွာ မရှိစေရဘူး။ ရေးရယ် သံဖြူဇရပ်တောင်ပိုင်းရယ် အကုန်လုံးလင်းရမယ်။ ကိုယ့်အိမ်ကိုယ်မသွယ် ရင်တော့ မလင်းဘူးပေါ့” ဟု ဆိုသည်။

ရေးမြို့နယ်အစ(MNA)

အဆိုပါလျှပ်စစ်မီးသည် သတ်မှတ်ချိန်ထက်စောလျင်စွာ မီးလင်းနိုင်ကြောင်း၊ ယခုပေးချေနေရသည့် ဈေးနှုန်းထက် သက်သာမည်ဖြစ်ကြောင်းနှင့် ဒေသဖြိုးရေးစီမံကိန်းများကိုလည်း အကောင်ထည်ရန်ရှိကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

လက်ရှိ ရေးမြို့နယ်ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာတချို့တွင် ပုဂ္ဂလိကကုမ္ပဏီမှ တစ်ယူနစ် (၆၀ဝ) ကျပ်ဝန်ကျင်းဈေးနှုန်းဖြင့် ဖြန့်ဝေပေးနေပြီး ထိုဈေးနှုန်းထက် သက်သာမည်ဈေးနှုန်းရရှိပါက ကြိုဆိုသည်ဟု ရေးမြို့ဒေသခံ ဒေါ်စန်းကြည်က ဆိုသည်။

ဒေါ်စန်းကြည်က “အခုက တစ်ယူနစ်ကို ဒီဇယ်ဆီတစ်ပုလင်းစာနဲ့နှိုင်းယှဉ်ပြီးကောက်နေတာပါ။ ဆီဈေးတက်ရင် တော့ မီးတာခလည်းတက်တယ်။ အနည်းဆုံး တစ်ယူနစ် ၃၅၀ ကျပ် ရခဲ့ဘူးတယ်။ တကယ်လို့ ဒီထက်သက် သာတဲ့ နှုန်းနဲ့ရမယ်ဆိုရင် မီးကိုပိုပြီးသုံးနိုင်တာပေါ့။ အခုမီတာနှုန်းက ထမင်းမချက်ရဲဘူး” ဟုဆိုသည်။

ရေးမြို့ မြို့ပေါ်ရပ်ကွက်များနှင့် အဘော်ကျေးရွာ၊ ဒူးရားကျေးရွာ၊ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာများ တွင် မြတ်သူရထွန်းကုမ္ပဏီမှ လျှပ်စစ်မီးဖြန့်ဝေပေးနေကြောင်း၊ အလားတူ Bedok Construction & Engineering Co;Ltd နှင့် SEGEP ကုမ္ပဏီတို့က လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရန် မွန်ပြည်နယ်အစိုးရနှင့်ကနဦးသဘောတူညီမှု (MoU) လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

(SEGEP) ကုမ္ပဏီသည် (၂၀၁၆) ဒီဇင်ဘာလတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန် စတင်အကောင်ထည်ဖော်လျက်ရှိပြီး ရေးမြို့နယ်တောင်ပိုင်းရှိကျေးရွာများ၌ သင်္ကြန်အတွင်း အချိန်မှီလျှပ်စစ်ဖြန့်ဝေနိုင်ရန်အတွက် အကောင်ထည်ဆောင်ရွက်နေလျက်ရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts