spot_img
Saturday, February 28, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးဆောက်လုပ်ပြီးသားအနေအထားအရ VIP ဧည့်ရိပ်သာကို ပြီးစီးအောင်ဆောင်ရွက်ခဲ့ရဟု မွန်ဝန်ကြီးချုပ်ပြော

    ဆောက်လုပ်ပြီးသားအနေအထားအရ VIP ဧည့်ရိပ်သာကို ပြီးစီးအောင်ဆောင်ရွက်ခဲ့ရဟု မွန်ဝန်ကြီးချုပ်ပြော

    -

    မွန်ပြည်နယ်လွှတ်တော်က ရပ်ဆိုင်းရန် အတည်ပြုထားသည့် အဆင့်မြင့် အစိုးရ VIP ဧည့်ရိပ်သာ စီမံကိန်းအား တည်ဆောက်ပြီး အဆောက်အဦးအနေအထားအရ စီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    “ဒီ VIP ဆောက်နေတာက ပြီးသလောက်ဖြစ်နေတယ် ဘယ်လိုမှ နောက်ပြန်ဆုတ်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့် ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်၊ နောက်လာမယ့် ၁၇-၁၈ ကနေစပြီးတော့ ဒေသဖွံ့ဖြိုးရေးကို လုပ်တဲ့နေရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ကိုယ်စားလှယ်အားလုံး ပေါင်းစပ်ညှိနှိုင်းပြီးတော့ သုံးမယ့်ငွေတွေကို ကိစ္စတခုချင်းတခုချင်း လုပ်ငန်းတိုင်းတခုချင်းတခုချင်းကို လွှတ်တော်မှာ တင်ဆွေးနွေးပြီးတော့မှ ကျနော်တို့ အသုံးပြုမှာဖြစ်ပါတယ် ဒါကြောင့်မို့ နောက်နောင် ဒီလိုဖြစ်ပျက်မျိုး ဖြစ်စရာအကြောင်းမရှိတော့ပါဘူး” ဟု ဒေါက်တာအေးဇံက ပြောသည်။

    ဖေဖော်ဝါလအတွင်း မြင်တွေ့ရသည့် VIP ဧည့်ရိပ်သာ(Facebook)

    လွှတ်တော်က အတည်ပြုပြီးသား အစိုးရဧည့်ရိပ်သာ စီမံကိန်းနှင့် ဥပဒေချုပ်ရုံးအသစ် ပြန်လည်တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အနေဖြင့် ခေါင်းစဉ်ပြောင်းသုံးစွဲရေး အမြန်ဆုံးလုပ်ဆောင်ရန် ရှိ၊ မရှိကို မတ်လ ၂၂ ရက်နေ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    အဆင့်မြင့် အစိုးရဧည့်ရိပ်သာ စီမံကိန်းကို ဥပဒေနှင့်အညီ မူလ စီမံချက်အတိုင်း ဆောင်ရွက်မည်ဆိုသည်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လွှတ်တော်သို့ အကြောင်းကြားခဲ့ပြီးဖြစ်သည်။

    ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အဆင့်မြင့် အစိုးရဧည့်ရိပ်သာ စီမံကိန်းနှင့် ဥပဒေချုပ်ရုံးအသစ် ပြန်လည်တည်ဆောက်ရေး စီမံကိန်း တည်ဆောက်မှုအစား ပြည်သူလူတိုက်ရိုက်အကျိုးရှိစေမည့်စီမံကိန်းများ၊ လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲရန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အောက်တိုဘာလအတွင်း ဒုတိယပုံမှန်အစည်းအဝေးကျင်းပခဲ့စဉ်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

    ဥပဒေချုပ်ရုံးအသစ်စီမံကိန်း တည်ဆောက်ရန်လျာထားသည့် ငွေကျပ်(၈၉၇၁) သိန်းကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံကာ ဒေသဖွံ့ဖြိုးအတွက် အသုံးပြုခဲ့သည်။

    ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ အိမ်ရာဝင်းအတွင်း အဆင့်မြင့်အစိုးရ ဧည့်ရိပ်သာဆောက်လုပ်ရန်အတွက် ငွေလုံးငွေရင်းရံပုံငွေ ကျပ်သိန်းပေါင်း (၁၁၂၀ဝ) ကျပ်ကို ပြည်ထောင်စုအစိုးရမှ ဘဏ္ဍာရံပုံငွေ ချပေးထားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks