spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်သက်သေခံလက်မှတ် စတင်ထုတ်ပေး

    ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်သက်သေခံလက်မှတ် စတင်ထုတ်ပေး

    -

    လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမယ့် ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ လွယ်ကူစွာမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို မတ်လ (၁၇)ရက်နေ့မှ စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ မှ သိရသည်။

    “ခု (၁၇) ရက်နေ့ကနေစထုတ်မယ်ဆို (၃၁)ရက်နေ့ထိထုတ်နိုင်တာပေါ့ မဲပေးမယ့်နေ့က ဧပြီ (၁) ရက်နေ့ဆို တော့အကယ်၍ အဲဒါထုတ်ပေးလို့မကုန်ရင် မဲပေးမယ့်နေ့ထိ ကျွန်တော်တို့ထုတ်ပေးနေမယ်” ဟု ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးထွန်းရီ ကပြောသည်။

    မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို မြို့နယ်ရွေးကောက်ပွဲ

    မွန်ပြည်နယ်ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း(Copy)
    ကော်မရှင်အဖွဲ့ခွဲရုံးမှ အသီးသီးသော ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးများသို့ ပေးပို့ထားရှိပြီး ထိုသက်သေခံလက်မှတ်ကို မဲဆန္ဒရှင်ကိုယ်တိုင် သော်လည်းကောင်း၊မိသားစုဝင်တစ်ယောက်ယောက်မှ ၎င်းမိသားစုကိုယ်စားသော်လည်းကောင်း သက်ဆိုင် ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွင်သွားရောက်ထုတ်ယူနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

    မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးရခြင်းမှာမဲပေးပိုင်ခွင့်ရှိသူအမည်သည် မဲစာရင်းတွင်ပါဝင်ပြီး ရွေး ကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြောင်း သေချာခိုင်လုံမှုရှိစေရန်၊မဲပေးသည့်နေတွင်လည်း မိမိမဲဆန္ဒလက် မှတ်ကိုထုတ်ပေးရသူများအတွက် အချိန်ကုန်သက်သာပြီးအမည်စာရင်းရှာဖွေရ လွယ်ကူစေရန် နှင့် ထိုလက်မှတ်တွင်ပါရှိနေသော အချက်အလက်များ မှားယွင်းမှုရှိနေပါက သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲစာရင်းကို အချိန်မှီပြန်လည်ပြင်ဆင်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

    ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာမှ မိခမွန်းဟံသာက “ကျွန်မတို့မထုတ်ရသေးဘူး၊ ထုတ်လို့ရနေပြီဆိုတဲ့ အကြောင်းကြေငြာတာမျိုးကိုတော့ ကျွန်မတို့ရွာမှာ မရှိသေးဘူး၊ ထုတ်ရင်တော့ရွာမှာပဲ ထုတ်ရမယ်” ဟု ပြော သည်။

    ထို့အပြင် မဲပေးသည့်နေ့တွင် မဲဆန္ဒရှင်များ မိမိမဲသက်သေခံလက်မှတ်မရှိပါကလည်း မဲစာရင်းတွင် ပါရှိပါက ဆန္ဒမဲပေးနိုင်ကြောင်းလည်း သိရသည်။

    (၂၀၁၇) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ (၁၉) နေရာ ကျင်းပမည်ဖြစ်ရာလစ်လတ်နေသော ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအား ပါတီ (၅) ခုမှဝင်ရောက်အရွေးခံမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ (၁၂၅၉ ၄၃) ဦးရှိကြောင်းချောင်းဆုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks