spot_img
Tuesday, March 3, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်မြို့နယ်ဈေးကွက်အတွင်း သိမ်းဆည်းပစ္စည်းနှင့်ဆေးဝါးများမီးရှို့ဖျက်ဆီး

    မော်လမြိုင်မြို့နယ်ဈေးကွက်အတွင်း သိမ်းဆည်းပစ္စည်းနှင့်ဆေးဝါးများမီးရှို့ဖျက်ဆီး

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဈေးကွက်အတွင်းမှ သိမ်းဆည်းရမိထားသည့် ပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၂၀ဝ ကျော်ကို မတ်လ ၁၇ ရက်နေ့က မော်လမြိုင်မြို့ မုရောင်းအမှိုက်ပုံးတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီက ပြောသည်။

    ဈေးကွက်အတွင်း သိမ်းဆည်းရသည့် ပစ္စည်းများ၊ ဆေးဆိုင်များနှင့် ဆေးကုမ္ပဏီမှ လာရောက်အပ်နှံသည့် ဆေးဝါးများ ပြည်နယ်ဈေးကွက်အတွင်းမှ သိမ်းဆည်းထားသည့် (Aflatoxin B) သတ်မှတ်ပမာဏထက်ကျော်လွန်နေသော ငရုပ်သီးမှုန့်များနှင့် Retention Sample များမှ သက်တမ်းလွန်ဆေးဝါးများပါဝင်ပြီး စုစုပေါင်း ကျပ်သိန်း ၂၃,၂၇၅,၇၉၆ ရှိသည်။

    ဖမ်းမိသိမ်းဆည်းပစ္စည်းနှင့်ဆေးဝါးများမီးရှို့ဖျက်ဆီးစဉ်(MNA)
    “အခုမီးရှို့လိုက်တာက မော်လမြိုင်မြို့နယ်ထဲက သိမ်းဆည်းထားတဲ့ ပစ္စည်းတွေပဲ၊ ကျန်တဲ့ မြို့နယ်တွေက သူတို့ အစီအစဉ်နဲ့ မီးရှို့ဖျက်ဆီးမယ်၊ ပြည်သူတွေ အန္တရယ် ကင်းအောင် ဒီလို မီးရှို့ဖျက်စီးလိုက်တာဖြစ်တယ်” ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာစိုးနိုင်က ပြောသည်။

    ယခု မီးရှို့ဖျက်စီးခြင်းသည် ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး သုံးစွဲသူများ အန္တရာယ်ကင်းရှင်းအောင် ပစ္စည်းများ ရောင်းချသွားရန် ရောင်းချသူများကို ခံဝန်ကတိထိုးခိုင်းထားပြီး ခံဝန်ကတိ ချိုးဖောက်သူများကို တရားစွဲဆိုမှု ပြုလုပ်ထားကြောင်းလည်း ဒေါက်တာစိုးနိုင်က ပြောသည်။

    မီးရှို့သည့် ပစ္စည်းများထဲတွင် ဈေးကွက်အတွင်းမှ သိမ်းဆည်းရမိသည့် စိန် အမှတ်တံဆိပ်ငရုပ်သီးမှုန့်၊ ရွှေကျီး အမှတ်တံဆိပ်ငရုပ်သီးမှုန့်၊ ညွန့် အမှတ်တံဆိပ်ငရုပ်သီးမှုန့်၊ ရွှေတီ အမှတ်တံဆိပ်ငရုပ်သီးမှုန့်နှင့် ကရဝိတ် အမှတ်တံဆိပ်ငရုပ်သီးမှုန့် စုစုပေါင်း ၅ မျိုး ပါဝင်သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ဖြူဖြူခင်က ပြောသည်။

    မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ တန်ဖိုးငွေ ကျပ်သိန်း ၄၀ဝ ကျော်ရှိသည့် သက်တမ်းလွန် ဆေးဝါများကိုလည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks