spot_img
Tuesday, March 3, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးပေါင်မြို့တွင်တစ်ရက်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၆ စီး ဖမ်းဆီးရမိ

    ပေါင်မြို့တွင်တစ်ရက်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၆ စီး ဖမ်းဆီးရမိ

    -

    မြဝတီမြို့မှ မောင်းနှင်းလာသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၆ စီးကို မွန်ပြည်နယ်၊ ပေါင်မြို့တွင် မတ်လ ၁၂ ရက်နေ့တစ်ရက်အတွင်း ဖမ်းဆီးရမိသည်ဟု ပေါင်မြို့ရဲစခန်းမှသိရသည်။

    အဆိုပါမော်တော်ယာဉ်များသည် မြဝတီမြို့မှ ရန်ကုန်ဘက်သို့သွားနေစဉ် ပေါင်မြို့တွင် တာဝန်ရှိသူများက ရပ်တန့် စစ်ဆေးရာ တစုံတရာသက်သေခံအထောက်အထား မပြသနိုင်သဖြင့် လိုင်စင်မဲ့ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

    ဖမ်းဆီးမိသော လိုင်စင်မဲ့မော်တော်ယာဉ်(MNA)

    “ယာဉ်တွေကို ရပ်တန့်စစ်ဆေးလို လိုင်စင်မဲ့ယာဉ် ၆ စီးဖမ်းမိတယ်၊ ဖမ်းမိတဲ့ လိုင်စင်မဲ့ ၆ စီးမှာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး ပါတယ်၊ ၆ စီးလုံးက မောင်းနှင်းသူ မတူတော့ ဒီကားတွေကို တစ်နေရာရာမှာ အရောင်းအဝယ်ပြုလုပ်ဖို့ ဟုတ် မဟုတ် မသိနိုင်ဘူး၊ စစ်ဆေးတုန်းဆိုတော့“ ဟု ပေါင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်ဝင်းက ပြောသည်။

    အဆိုပါမော်တော်ယာဉ်များတွင် ဆက်သွယ်ရေးတပ်မှ ( ကြည်း-၅၆၈၅၂ ) ဗိုလ်ကြီး ပြည့်စုံကိုကိုနှင့် ဇော်ဇော် ၂၈ နှစ် မောင်းနှင်လာသည့် TOYOTA CROWN အဖြူရောင် အမျိုးအစားယာဉ် ၂ စီး၊ ခွန်မောင်ချွန် ၄၁ နှစ် မောင်းနှင်လာသည့် Honda Fit အဖြူရောင် အမျိုးအစားယာဉ် ၁ စီး၊ နေဝင်း ၃၆ နှစ်နှင့် ခွန်အောင်မင်း ၂၈ နှစ်တို့ မောင်းနှင်လာသည့် Hijet ယာဉ် ၂ စီးနှင့် မောင်စိန်မင်းနိုင် ၂၉ နှစ်မောင်းနှင်လာသည့် TOYOTA ALPHARD အမျိုးအစား အဖြူရောင် စုစုပေါင်း လိုင်စင်မဲ့မော်တော်ယာဉ် ၆ စီး ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    “ပထမက ၂ စီးတခါပူးတခုပေါ့နော် ၃ စီးက တစ်ခါပေါ့ခင်ဗျ။ နောက်ပြီးတော့ တစ်စီးထဲသက်သက်တခါဖမ်းမိ တာပါ။ ယာဉ်တွေအားလုံးကိုလည်း ပေါင်မြို့မှာပဲ ဖမ်းမိတာပါ” ဟု ဒုရဲမှူးစိန်ဝင်းက ပြောသည်။

    အဆိုပါဖမ်ဆီးရမိထားသည့် ယာဉ်များအား မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်းတွင် ထိန်သိမ်းထားပြီး ယာဉ်မောင်းများအား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိရာ ဗိုလ်ကြီး ပြည့်စုံကိုကိုအား တပ်မတော် စစ်ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာ တပ်မတော်သို့ လွဲပြောင်းသွားမည်ဖြစ်ကြောင်း ပေါင်မြို့မရဲစခန်းမှသိရသည်။

    မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရလမှ မတ်လ (၃) ရက်နေ့ထိ လိုင်စင်မဲ့မော်တော်ယာဉ် ၆ စီးနှင့် ယခုမတ်လ ၁၂ ရက်နေ့တွင် ၆ စီး စုစုပေါင်း ၁၂ စီးဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ်၊ ပြည်နယ်ရဲမှူးရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks