spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း(၁၄) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ မော်လမြိုင်မြို့တွင် ကျင်းပ

    (၁၄) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ မော်လမြိုင်မြို့တွင် ကျင်းပ

    -

    မွန်အမျိုးသမီးများကွန်ရက် (MWN) မှ ဦးစီး၍ တပေါင်းလဆန်း (၁၂) ရက်နေ့တွင် ကျရောက်သည့် (၁၄) ကြိမ် မြောက် မွန်အမျိုးသမီးများနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ် ခန်းမတွင် မတ်လ ၉ ရက်နေ့က ကျင်းပခဲ့ရာ လူဦးရေ (၃၀ဝ) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    မွန်အမျိုးသမီးများနေ့ကို နယ်ပယ်အသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာစေရန်၊ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လူမျိုးရေး ကိစ္စရပ်များတွင် တာဝန်ယူလာစေရန်၊ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများနှင့် ပူးပေါင်းလက်တွဲပြီး အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားစေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားမြစ်နိုင်စေရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

    (၁၄) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့အခမ်းအနား(MNA)

    မွန်အမျိုးသမီးများကွန်ယက်မှ မိကွန်းချမ်းနွန်က “အဓိကတော့ အမျိုးသမီးခေါင်းဆောင်တွေ မျာများပေါ်ပေါက် လာဖို့၊ ဆုံး ဖြတ်ချက်ချတဲ့ နေရာမှာ အမျိုးသမီးတွေလည်း ပါဝင်လာနိုင်ဖို့၊ နိုင်ငံရေးတွေ အမျိုးသားရေးတွေနဲ့ အခြားအဖွဲ့ အစည်းတွေမှာလည်း ပါဝင်မှုရှိလာဖို့ ပြီးတော့ ကမ္ဘာ့အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အမျိုးသမီးအကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် လုပ်တာပါ” ဟုပြောသည်။

    လက်ရှိမြန်မာနိုင်ငံသည် အာဏာရှင်စနစ်ဖြစ်သော စစ်အာဏာရှင် လူမျိုးကြီးအာဏာရှင်စနစ်မှ ရုန်းထွက်နိုင်မည့် အခက်အခဲများသည် ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေခြင်း၊ လူမျိုးကြီးလွှမ်းမိုးမှု လုပ်ရပ်များ ဆက်လက် ဖန်တီးနေခြင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများအရေးကို နားလည်ပေးမှု အားနည်းနေခြင်းတို့ကြောင့် နိုင်ငံ ၏ စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းမှာ နှောင့်နှေးနေပါကြောင်း ၁၄ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

    ယခုကဲ့သို့ မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်ကို မော်လမြိုင်မြို့တွင်သာမက မွန်အမျိုးသမီးအဖွဲ့ တည်ရှိသည့် မြို့နယ်၊ ကျေးရွာများတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

    “အမျိုးသမီးတွေက နိုင်ငံရေးတွေမှာ၊ ဦးဆောင်တဲ့နေရာနဲ့ ဆုံးဖြတ်ချက်ချရတဲ့ နေရာတွေမှာ ပါဝင်တာ နည်းတယ်၊ ဒါပေမယ့် CSOနဲ့ လူငယ်အဖွဲ့အစည်းတို့လိုမျိုးဆိုရင်တော့ များတာပေါ့ ဒီလိုအမျိုးသမီးကဏ္ဍတွေ များ များပြခြင်းအားဖြင့် သူတို့တွေပိုပြီး အားတွေရှိလာမယ် ပြီးတော့ ခေါင်းဆောင်စိတ်ဓာတ်တွေ ပေါ်ထွန်းလာဖို့လည်း အထောက်အကူပြုတယ်လို့ မြင်တယ်” ဟု တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO ဒုဥက္ကဌ ဖြစ်သူ မိရော့ချမ်းက ပြောသည်။

    ထို့အပြင် မွန်အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော အမျိုးသမီးများသည် ဗေဒါအရောင်ရှိသော မွန်ဝတ်စုံကို ဝတ်ဆင်၍ တက်ရောက်ခဲ့ကြပြီး အဓိပ္ပာယ်မှာ အမျိုးသမီးများသည် ဗေဒါပန်းများကဲ့သို့ လောကဓံကို ကြံ့ကြံ့ခံနိုင် စေရန်ဖြစ် ကြောင်း သိရသည်။

    မွန်ရာဇာဝင်၌ ထင်ရှားကျော်ကြားသော ဟံသာဝတီပြည်ရှင် မွန်ဘုရင်မ ရှင်စောပု၏ ဖွားတော်မူနေ့ဖြစ်သည့် တပေါင်းလဆန်း (၁၂) ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှစတင်၍ နှစ်စဉ် ကျင်းပလာခဲ့ကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks