spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးရေးတောင်ပိုင်းဒေသတွင် သင်္ကြန်အမီ လျှပ်စစ်မီးဖြန့်ဝေနိုင်မည်ဟု SEGEP ကုမ္ပဏီပြော

    ရေးတောင်ပိုင်းဒေသတွင် သင်္ကြန်အမီ လျှပ်စစ်မီးဖြန့်ဝေနိုင်မည်ဟု SEGEP ကုမ္ပဏီပြော

    -

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် လာမည့်သင်္ကြန်အမီ အရှေ့တောင်အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP) မှ လျှပ်စစ်ဓါတ်အားများ စတင်ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်မြင့်က မွန်သတင်းအေဂျင်စီသို့ ဖြေသည်။

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန်အတွက် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ အနီးတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်လျှက်ရှိပြီး သင်္ကြန်အမီ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရန် လျာထားသည့် ရေးမြို့နယ်တောင်ပိုင်း ကလော့၊ ချောင်းတောင်၊ ကော့လှိုင်း၊ ဆင်ဂူးစသည့် ကျေးရွာ (၄) ရွာအတွက် လျှပ်စစ်ဓာတ်အားတိုင် စိုက်ထူပြီးစီးပြီးဖြစ်ကြောင်း မတ်လ (၉) ရက်နေ့က ဦးမောင်မောင်မြင့်က ပြောသည်။

    SEGEP ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်မြင့်(MNA)

    “အခုတိုင်တွေပြီးပြီ မီးသွယ်မယ်၊ မီးသွယ်မယ်ဆိုတော့ ဒီအတိုင်းလုပ်လိုက်လို့မှမရတာ အစိုးရဘက်က စစ်ဆေးဦးမယ်၊ စစ်ဆေးမှုအဆင့်ဆင့် ဝင်စစ်ဦးမယ်၊ ဒါပေမယ့် ဘာဖြစ်ဖြစ် ဒီကလော့ကျေးရွာဘက်ကိုတော့ အမီပေးမယ်” ဟု ဦးမောင်မောင်မြင့် ကပြောသည်။

    ယင်း fuel oil-FO လောင်စာနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေရာတွင် မီတာခကို တစ်ယူနစ်လျှင် (၂၅၀-၃၀ဝ) ကျပ် ကြား ကောက်ယူမည်ဖြစ်ပြီး ရေအားလျှပ်စစ်စတင်ဖြန့်ဖြူးနိုင်ခဲ့လျှင် မီတာခကို (၂၀ဝ) ကျပ် အထိ လျှော့ပြီး ကောက်ယူမည်ဟု ၄င်းက ဆက်ပြောသည်။

    သို့ရာတွင် “အခုကုမ္ပဏီဘက်က လုပ်ဆောင်နေတာက လွှတ်တော်က သဘောတူချက်တို့ ဥပဒေတို့ ပေးထားတာ မဟုတ်ဘူး၊ ဒီ SEGEP ကုမ္ပဏီရုံးဖွင့်တုန်းကလည်း အဲ့အချိန်တုန်းက ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလည်း အခမ်းအနားတစ်ခုလိုပဲ သွားပြီးဖွင့်ထားပေးတယ်၊ အမှန်မှာ အဲ့လိုလုပ်လို့မသင့်ဘူး၊ လွှတ်တော်ကိုတင်ပြရမယ်၊ သဘောတူညီချက်ရပြီးမှ ဥပဒေအတိုင်း ခွင့်ပြုချက်တို့ လိုင်စင်တို့ကို ဆက်လုပ်ရမှာ ဒါက သူတို့လုပ်တာ ဘောင်နည်းနည်းကျော်နေတယ်” ဟု ဒုဥက္ကဋ္ဌလွှတ်တော် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    SEGEP ကုမ္ပဏီအနေဖြင့် မွန်ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ကို ယခုအချိန်ထိ မရရှိသေးကြောင်း၊ ရှေ့လာမည့်လွှတ်တော်အစည်းအဝေးမှာ အဆိုပါကုမ္ပဏီ၏လုပ်ငန်းအကောင်ထည်ဖေါ်သွားမည့်အပေါ် လွှတ်တော်၏ သဘောထားကို ဆွေးနွေးသွားရန်ရှိကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်လက်ပြောသည်။

    (SEGEP) ကုမ္ပဏီမှ (၂၀၁၆) ဒီဇင်ဘာမှ (၂၀၁၇) မတ်လအကုန်အထိ ရေးမြို့နယ်တောင်ပိုင်းရှိကျေးရွာတို့တွင် လျှပ်စစ်ဓာတ်အားကို သင်္ကြန်အမီ ဖြန့်ဝေပေးရန်၊ (၂၀၁၇) ခုနှစ်အတွင်း ရေးမြို့နယ်တစ်ခုလုံးရှိ ကျေးရွာ အားလုံး လျှပ်စစ်မီးဖြန့်ဝေးသည့်လုပ်ငန်း အပြီးအသတ် လုပ်ဆောင်ရန်နှင့် (၂၀၁၈) မှစ၍ ရေအားလျှပ်စစ်ကို စတင်ဖြန့်ဝေသွားရန်၊ ရေအားလျှပ်စစ်ကို ရေးမြို့နယ် ကလော့ကျေးရွာတွင် (၉) မီဂါဝပ်နှင့် ရေးမြို့နယ် ကျောင်းရွာတွင် (၂၈) မီဂါဝပ်ဖြစ် ထုတ်ရန် လျာထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks